အခန်း ၁၇

6K 366 4
                                    


~လအနည်းငယ်ခန့်ကြာသော်~

အချိန်တွေကူးပြောင်းတာမြန်တယ်
ချိူမြိန်တဲ့အချိန်တွေကဘဲ ကုန်ဆုံးတာ
မြန်စေသလား ?

~~~~~~~~~~~~~~~~~~~~

"ဆရာ..ကျွန်တော့်အမျိုးသား အခြေနေဘယ်လိုရှိလဲဗျ "

ရှောင်ကျန့် တယောက် ခွဲခန်းထဲက ထွက်လာသော ဆရာဝန်ကို
အလောတကြီးမေးလိုက်သည်...

"အဖေရော သားသမီးပါ ကျန်းမာပါတယ်"

"ဗျာ .. ဆရာပြောချင်တာက"

"ဟုတ်ပါတယ်...အမွှာလေး မွေးပါတယ် အကြီးကသမီးလေးပါ
သားက အငယ်ပါ congratulations ပါဗျ Mr.xìao"

ဆရာဝန်ဆီက ကြားလိုက်ရသော စကားကြောင့် ရှောင်ကျန့် တစ်ယောက်အပျော် လုံးပင်ဆို့သွားရသည်...

"ပြီးတော့...လူနာ က ပန်းနေလို့ ခဏတာ အနားယူ ဖို့လိုအပ်ပါတယ် အဲ့တာကြောင့် လူနာ နဲ့ ကလေး တွေကို အနှောက်ယှက်မဖြစ်အောင်စကားကိုအတက်နိုင်ဆုံး တိုးတိုးလေး ပြောပေးပါ..."

ဆရာဝန်လည်း ပြောပြီး တာနဲ့ ထွက်သွားတော့...

"ဟျောင့်....ဝူထန် မင်း ကြားလိုက်လား...အမွှာ တဲ့ကွ..."

"အေးပါ...ရှောင်ကျန့်ရာ...အာ့ဆို ငါခဏပြန်အုံးမယ်ကွာ"

"အေး...ငါလဲ ရိပေါ်ဆီသွားအုံးမယ်"

ရှောင်ကျန့်လဲ ဝူထန် ထွက်သွားတာနဲ့ ရိပေါ် ရှိရာ အခန်းသို့ ဝင်လာခဲ့တယ်..

ကုတင်ပေါ်မှာ ဆေးပိုက်တန်းလန်း နဲ့ အိပ်ပျော်နေတဲ့ သေးသေးကွေးကွေးလေး။ ကျေးဇူးတင်ပါတယ် ရိပေါ် ကိုယ့် ကလေး တွေကို မွေးပေးခဲ့လို့..

ရှောင်ကျန့်လဲ ရိပေါ် လက်ကလေးကို အသာဆုပ်ကိုင်ကာ အတိတ်ဆီသို့ အတွေးများ ရောင်လည်လည် ဖြင့်...

7.2.2019

ရိပေါ် ဒီနေ့နေမကောင်းဘူးထင်တယ်
မနက်ကတည်းက ဘာမှ လည်းမစားဘူး
အန်ဘဲ အန်နေတယ် စိတ်ပူရလွန်းလို့
Company မှာတောင်ဖင်ပူအောင်မထိုင်ဘဲ
အိပ်ပြန်လာခဲ့တယ်....

THE PAIN  [ Completed ] Where stories live. Discover now