ကွန်ပြူတာဆိုင်ကိုရောက်တော့ တိုက်ဖို့အချိန်နီးနေတာမလို့ နီးရာကွန်ပြူတာတစ်လုံးကိုအမြန်၀င်ထိုင်လိုက်သည်
(ရှောင်းကျန့် "ဟေ့ရောင်တွေsorry ငါနည်းနည်းနောက်ကျသွားတယ်"
ရှင်းချန် "ရပါတယ်ကွာ လာငါတို့လက်စွမ်းပြကြရအောင်")
(ဒါကgame chatကနေပြောနေတာနော်)
ကွန်ပြူတာဆိုင်ရဲ့အခန်းတစ်ခန်းထဲမှာတော့
ရိပေါ်ဦးလေး "မင်းအဲ့တာဆိုအဲ့တက္ကသိုလ်ပဲတက်မှာပေါ့"
ရိပေါ် "ဟုတ်တယ် ကျွန်တော်အဲ့မေဂျာပဲတက်ချင်လို့"
ဦးလေး "မင်းဂိမ်းဆော့တာဝါသနာပါတော့ ဒီဂိမ်းဆိုင်လေးယူလိုက်ပါလား ငါလည်းတစ်ခြားလုပ်ငန်းတစ်ခုလုပ်ချင်နေတာ အဲ့တော့ ဒီဆိုင်လေးကိုဦးစီးမဲ့သူမရှိလို့"
ရိပေါ် "တစ်ခြားသူကိုပဲဦးစီးခိုင်းလိုက်ပါ ကျွန်တော်မလုပ်ချင်ဘူး"
ဦးလေး "အေးပါကွာ တစ်ခြားတစ်ယောက်ကိုပဲအကူညီတောင်းကြည့်လိုက်မယ် ကဲဦးလေးသွားစရာရှိလို့ ပြန်တော့မယ် မင်းရော"
ရိပေါ် "ကျွန်တော်လည်းပြန်တော့မယ် မနက်ဖြန်အတန်းစတက်ရမှာဆိုတော့ ပြင်ဆင်ရအုံးမယ်"
ဦးလေး "အေးအဲ့ဆိုသွားရအောင် ငါလိုက်ပို့မယ်လေ"
အပြင်ထွက်လာတော့ ဆိုင်၀န်ထမ်းကောင်လေးက "သူဌေး လုပ်ငန်းပါတနာတစ်ယောက်ဖုန်းဆက်တယ်"
ဦးလေး "အေး လာပြီ ငါ့တူခဏနော် ဖုန်းသွားပြောလိုက်အုံးမယ်"
ရိပေါ် "ဟုတ် ကျွန်တော်စောင့်နေမယ်"
ရိပေါ်လည်းသူ့ဦးလေးကိုစောင့်နေရင်း ဘေးပတ်လည်လိုက်ကြည့်မိတော့ တွေ့လိုက်ရတဲ့မြင်ကွင်းတစ်ခုကြောင့် ငေးမောကြည့်နေမိတယ်။
ရိပေါ်လည်း သေချာမြင်ရအောင်အနားတိုးသွားကြည့်မိတယ် ပြုံးပြီးဆော့နေတာလေးကလူကိုအတော်ပင်မှင်သက်စေသည်။
နောက်ပြီးပြုံးလိုက်တိုင်းပေါ်လာတဲ့ယုန်သွားလေးနှစ်ချောင်း ရေးရေးလေးပေါ်လာတက်တဲ့ပါးချိုင့်လေး အဓိက ကတော့ နှုတ်ခမ်းအောက်မှဲ့နက်လေး ။
YOU ARE READING
Game Love
Romanceကဲ ဒီficလေးကတော့ ကြယ်လေးရဲ့ ဒုတိယမြှောက်ficလပါနော် YiZhanficလေးပါ Gamerလေးနှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းလေးပါ LoveO2Oဇာတ်လမ်းပုံစံလေးကိုကျောရိုးလေးယူပြီးရေးထားပါ ဇာတ်လမ်းလေးက Romanticပုံစံလေးပါ သုံးပွင့်ဆိုငိ လေးပွင့်ဆိုင်လေးတွေဖြစ်မှာပါ အားပေးကြပါအုံ...