စစ်ကျွေးတို့လည်း နေ့ခင်းအချိန်တွေကိုလစ်ပြီး လျှောက်သွားနေကြသည်။
ပန်းခြံလေးကို၀င်ထိုင်ပြီး
"အကို ကျွန်တော်ခုအရမ်းပျော်တယ်သိလား ကျွန်တော့ကိုချစ်နေလိမ့်မယ်လို့ကိုမထင်ခဲ့တာ ကျွန်တော့ဘက်ကကြည့်တဖက်သတ်ထင်ခဲ့တာ"
"အကိုရောပါပဲ စစ်လေး ဖွင့်ပြောခံရတယ်လို့အကိုကျန့်ပြောတုန်းကဆို ရင်ထဲဘယ်လိုနေမှန်းကိုမသိတာ "
"အကိုကျန့်တို့ရဲ့အောင်သွယ်ကောင်းမှုကြောင့်ကျွန်တော်တို့အဆင်ပြေရတာ အကိုကျန့်တို့များ အကြံများချက်"
"ဟုတ်ပ အကိုတောင်သူတို့လှည့်ကွက်ထဲ၀င်သွားတာ အကို့မှာ စိတ်ပူ လိုက်ရတာ"
"ခုစိတ်မပူဘဲနေလို့ရပြီ အကို့ကျန့်တို့ကိုလည်း ကျေးဇူးဆပ်ရမယ်"
"ဟုတ်တယ် အထူးသဖြင့် အကိုရှောင်းကျန့်ပေါ့ ကျေးဇူးရှင်လေး ပိုပြီးဂရုစိုက်ရမယ်"
"ဟုတ်တယ် နောက်မို့ဆို အကိုလည်းဖွင့်ပြောမှာမဟုတ်ဘူး "
"အဲ့တာတော့ အကိုမသေချာခဲ့လို့ပါ ခုတော့ 100%သေချာသွားပဲ စစ်လေးကိုချစ်တယ်တိုတာ"
"ကျွန်တော်လည်းအကို့ကိုအရမ်းချစ်တယ်"
စစ်ကျွေးတို့လည်းညနေလောက်မှပြန်လာကြပြီး ၀မ်နင်ကစစ်ကျွေးကိုအဆောင်ရှေ့လိုက်ပို့ပြီးမှ ပြန်သွားသည်။
အဆောင်ပြန်ရောက်တော့ရှောင်းကျန့်ကနေပြီး
"အငယ်ဆုံးလေးပျော်ခဲ့ရဲ့လား"
"ပျော်တာပေါ့အကိုကျန့်ရဲ့ ဘယ်သူ့ရဲ့ကျေးဇူးတွေကြောင့်လဲ အကိုကျန့်ကိုအရမ်းကျေးဇူးတင်တာပဲ"
"ရပါတယ်အငယ်ဆုံးလေးရာ အကိုလည်း မင်းခံစားနေရတာမကြည့်ရက်တော့လို့ပါ"
"အမလေး ဒီက အကိုရှင်းချန်ကြီးလည်း ပါ ပါတယ်နော် "
"ဟုတ်ပါပြီ ဗျာ အကိုတို့ကိုလည်း ကျေးဇူးတင်ပါတယ်ဗျ "
"အဲ့ဒါဆိုကျွန်တော်တို့အဖွဲ့ထဲမှာ faကြီးတစ်ယောက်ပဲကျန်တော့တာပေါ့နော် ဟုတ်တယ်မလားအကိုကျန့် "
YOU ARE READING
Game Love
Romanceကဲ ဒီficလေးကတော့ ကြယ်လေးရဲ့ ဒုတိယမြှောက်ficလပါနော် YiZhanficလေးပါ Gamerလေးနှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းလေးပါ LoveO2Oဇာတ်လမ်းပုံစံလေးကိုကျောရိုးလေးယူပြီးရေးထားပါ ဇာတ်လမ်းလေးက Romanticပုံစံလေးပါ သုံးပွင့်ဆိုငိ လေးပွင့်ဆိုင်လေးတွေဖြစ်မှာပါ အားပေးကြပါအုံ...