ep36💜

1.9K 147 2
                                    

ရှောင်းကျန့်လည်းဘွဲ့ရပြီးတော့ အလုပ်သင်လုပ်ဖို့အလုပ်လျှောက်ထားလိုက်တယ်။

ကံကောင်းချင်တော့ wang companyမှာအလုပ်သင်လုပ်ခွင့်ရသည်။

ရှောင်းကျန့်လည်း သူwang companyမှာအလုပ်သင်သွားကြောင်း ရိပေါ်ကိုပြောဖို့ ‌ရိပေါ်ရှိတဲ့ကျောင်းက်ုသွားလိုက်တယ်။

ရှောင်းကျန့်လည်းသူရောက်နေကြောင်းရိပေါ်ကို messageပို့လိုက်ပြီး ကန်တင်းကစောင့်နေလိုက်တယ်။

'မောင် ကောကန်တင်းမှာစောင့်နေတယ် အတန်းဆင်းရင်လာခဲ့နော်'

ရိပေါ်ကတော့သူ့ကောဆီက စာရရချင်းစာသင်တာပင် အာရုံမရချင်တော့ သူ့ကောကိုလွမ်းလှပြီ

အဲ့ကောကလေ အလုပ်သင်လျှောက်ဖို့လုပ်နေတာနဲ့ မတွေ့ရတာ တစ်ရက်ကြီးများတောင်ပစ်ထားတယ် လူဆိုးကြီး

ဘေးနားကရွယ်ယမ်ကရိပေါ်ဖင်တကြွကြွဖြစ်နေတာမြင်တော့ "ပေါ်ကြီး ဘာဖြစ်နေတာလဲ
စာကိုအာရုံမစိုက်ဘဲ ဘာလို့ဖင်တကြွကြွဖြစ်နေတာလဲ"

"ကော ကန်တင်းမှာစောင့်နေလို့ ကောကိုတွေ့ချင်နေလို့"

"မင်းကတော့ပိုပြီ တစ်ရက်ကလေးမတွေ့ရတာကို အဖြစ်သည်းနေတာ"

"မင်းကဒါကိုဘယ်နားလည်မလဲ မင်းတို့ကနေ့တိုင်း‌တွေ့နေရတာကို "

"အေးပါကွာ စာကိုတော့အာရုံစိုက်ကွာ"

"ဟိုနောက်နှစ်ယောက်စာနား‌မထောင်ဘဲ စကားများမနေနဲ့ ငါသင်တာမခံချင်ရင်အပြင်ထွက်"

"တောင်းပန်ပါတယ်ဆရာ "

"ပြီးရော စာက်ုသေချာနားထောင် နောက်တစ်ခါထပ်ပြီးစကားများရင် နှစ်ယောက်လုံးအပြင်ထုတ်မယ်"

"ဟုတ်ဆရာ"

ရိပေါ်တို့လည်း ဆရာအပြင်ထုတ်မည်ဆ်ုးပြီးစကားမပြောတော့ဘဲ စာကိုသာအာရုံစိုက်လိုက်တော့သည်။

အတန်းချိန်ပြီးပြီးချင်း ရိပေါ်ကတော့ ဘယ်သူ့မှမစောင့်ဘဲ ကန်တင်ကိုလှစ်ခနဲပြေးသွားတော့သည်။

ဒါပေမဲ့ကန်တင်းရောက်ရောက်ချင်းမြင်လိုက်ရတဲ့အရာကြောင့် ရိပေါ်ဒေါသတွေအမြင့်ဆုံးထိရောက်သွားသည်။

Game LoveWhere stories live. Discover now