ရှောင်းကျန့်ကိုအထူးခန်းပို့ပြီးမကြာခင်မှာပဲ ရိပေါ်တို့လည်း ၀င်ခွင့်ရကြသည်။
ရိပေါ်လည်း ကုတင်ပေါ်မှာလှဲနေတဲ့ ရှောင်းကျန့်နားသွားပြီး လက်လေးကိုကိုင်ကာ မြန်မြန်နိုးထဖို့ ဆုတောင်းနေသည်။
ဟိုက်ခွမ်း "ရိပေါ် ညီလေး မငိးကိုယ်လက်ခဏဆေးပြီး မှ ပြန်လာပါလား ကွာ မင်းတစ်ကိုယ်လုံးလည်း သွေးတွေကြည့်ပဲ အကိုတို့ စောင့်ကြည့်နေပေးပါ့မယ်"
အမှန်လည်းဟုတ်ပါသည် ရှောင်းကျန့်ကို ပွေ့ချီလာလို့ တစ်ကိုယ်လုံးရှောင်းကျန့်ရဲ့သွေးတွေပေကျန်နေသည်။
Yb"ဟုတ် အဲ့ဆို ကျွန်တော်ချက်ချင်းပြန်လာမယ် အကိုတို့စောင့်ကြည့်ပေးထားနောိ ကောသတိရရင်ချက်ခြင်းဖုန်းဆက်နော်"
ဟိုက်ခွမ်း "ဟုတ်ပါပြီ ညီလေးရာ စိတ်ချလက်ချသာပြန် သိလား"
ရိပေါ်လည်း သူ့အကိုစကားကိုနားထောင်ပြီး အိမ်ခဏပြန်ကာ ရေချိုးသန့်စင်လိုက်သည်။
ရေချိုးပြီးပြန်ဆင်းလာတော့ မားနဲ့ တွေ့လေသည်။
"သား ဟိုကောင်လေးရောဘယ်လိုဖြစ်သွားသေးလဲ"
"မုဒိန်းကျင့်ခံရမလိုဖြစ်ပြီး ထွက်ပြေးရင်းကနေ လှေကားပေါ်ကပြုတ်ကျလို့ ခေါင်းထိပြီး ခုအထူးခန်းမှာထား ထားရတယ်မား ကျွန်တော်ပြန်သွားမှဖြစ်မယ်မား ကျွန်တော့်ကိုမတားပါနဲ့"
"အေးပါသားရယ် မားနားလည်ပါတယ် သားသွားတော့လေ"
"ဟုတ်မား အဲ့ဆိုသားသွားပြီ"
အမှန်တော့ ရိပေါ်မားက သိပြီးသားပါ သားကြီး ဟိုက်ခွမ်းပြောပြထားလို့ အဲ့ကောင်လေးမေ့သွားတုန်းကဆို ရိပေါ်က အရူးတစ်ပိုင်းလိုပဲတဲ့
"သားရယ် အဲ့လောက်တောင်ချစ်သွားလားကွယ် "ဆိုပြီးရေရွတ်မိသည်။
ရိပေါ်လည်း ဆေးရုံကို မြန်မြန်ပြန်သွားလိုက်သည်။သူ့သူငယ်ချင်းတွေစောင့်ကြည့်နေပေးပေမဲ့ ကောနိုးလာရင် သူရှိနေဖို့လိုတယ်လေ။
ရိပေါ်လည်း ဆေးရုံရောက်ရောက်ချင်း သူ့ကောရှိတဲ့ အခန်းက်ုသာ အမြန်နှုန်းနဲ့ သွားလိုက်သည်။
YOU ARE READING
Game Love
Romanceကဲ ဒီficလေးကတော့ ကြယ်လေးရဲ့ ဒုတိယမြှောက်ficလပါနော် YiZhanficလေးပါ Gamerလေးနှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းလေးပါ LoveO2Oဇာတ်လမ်းပုံစံလေးကိုကျောရိုးလေးယူပြီးရေးထားပါ ဇာတ်လမ်းလေးက Romanticပုံစံလေးပါ သုံးပွင့်ဆိုငိ လေးပွင့်ဆိုင်လေးတွေဖြစ်မှာပါ အားပေးကြပါအုံ...