ep38💜

2K 159 11
                                    

ရှောင်းကျန့်တို့လည်းနေ့လည်ထမင်းစားနားလို့ ကုမ္ပဏီစား‌ေသာက်ဆိုင်ကိုလာခဲ့ကြသည်။

စားသောက်ဆိုင်လည်းရောက်ရောအားလုံးကသူနဲ့အကိုရှောင်ထန်းဝိုင်းကိုပဲကြည့်နေကြသည်။

"အကိုရှောင်ထန်း ဘာလို့ကျွန်တော်တို့ဝိုင်းပဲကြည့်နေကြတာလဲ"

"အကို့ကိုတော့မဟုတ်လောက်ဘူးနော် အကိုနဲ့ချန်ရှန်းအကြောင်းအကုန်သိပြီးသားကွ မင်းကိုပဲဖြစ်မယ် "

"ဟာမဟုတ်လောက်ပါဘူး အကိုကလည်းတခြားသူတွေလည်းရှိတာပဲကို"

"အကိုကတော့သေချာတယ်ညီလေ‌းရေ ဒီနေ့လောက်ဘယ်သူမှဝိုင်းကြည့်တာမခံဖူးဘူး"

"အကိုက‌တော့နောက်ပြီ "

"မနောက်ပါဘူးဗျာ ကဲပါညီရယ် သူတို့အာရုံစိုက်မနေနဲ့စားမှာသာစား"

"ဟုတ်အကိုရှောင်ထန်း"

ရှောင်းကျန့်လည်းအာရုံမထားဘဲ စားစရာရှိတာသာစားနေလိုက်သည်။

တခဏကြာတော့ အမကြီးတစ်ယောက်ရောက်လာပြီး

"ဒီကမောင်လေး အမတခု‌ေလာက်ပြောစရာရှိလို့"

ရှောင်းကျန့်လည်းစားနေရင်းမော့ကြည့်လိုက်ကာ

"ကျွန်တော့်ကိုပြောတာလားမသိဘူး"

"ဟုတ်ပါတယ် ဒီကမောင်လေးချောချောကိုပြောတာပါ"

"အမကလည်းကျွန်တော်ကအဲ့လောက်မချောပါဘူး"

"အမမျက်စိထဲမှာတော့ ချောပါတယ်  ချောတာထက်ကိုပိုနေတာ"

"အမကလည်းကျွန်တော်မနေတက်တော့ဘူး"

"အမလေး လာရင်းကိစ္စတောင်မေ့တော့မလို့ အမကိုလေ မောင်လေး we chat accလေးပေးပါလား"

"ဟိုလေ ကျွန်တော်...."

ရိပေါ်လည်းထမင်းစားချိန်ဖြစ်လို့ကောများ စာ‌းသောက်ဆိုင်ရောက်နေများဆိုပြီးလာမိလိုက်တာမှန်နေရောပဲ

သူ့ကောကိုရုံးကအိုကြီးအိုမ တစ်ယောက်ကလာပြီးအီစီကလီလာလုပ်နေတဲ့ပုံကိုတွေ့လိုက်ရသည်။

နေပါအုံးကောကလည်းဘာတွေသဘောတွေကျနေတာလည်းမသိဘူးရုပ်ကြီးကလည်းပြုံးလို့

Game LoveWhere stories live. Discover now