ဟိုက်ခွမ်းလည်းသူ့ညီကိုအကြောင်းပြပြီးကျောင်းကိုလိုက်လိုက်လာသည်။
တနေ့တနေ့ သူ့မှာ ဘုကလန့်ကျန်းချန်ကို ချောင်းချောင်းပြီးကြည့်ရတာအမော
ရိပေါ်လည်း သူ့အကိုကိုကြည့်ပြီးသနားလာသည်။အဲ့ကြောင့်ရှောင်းကျန့်ကိုသူ့အကိုအကြောင်းပြောပြလိုက်သည်။
"ကော အကိုဟိုက်ခွမ်းက ကျန်းချန်ကိုက်ြုကနေလို့ ကောကူညီပါလား"
"ကောလည်းနည်းနည်းတော့ရိပ်မိပါတယ် ဟိုတနေ့က မောင်မိတ်ဆက်ပေးတုန်းက ကျန်းချန်ကိုကြည့်တဲ့အကြည့်တွေကို အခုတောင် သူဂိမ်းတစ်ခုရှုံးလို့ လောင်းကြေးအနေနဲ့မောင့်အကိုရှေ့ကျ ဘုကလန့်မပြောရဘူးဆိုပြီး လုပ်ထားတယ်"
"ဒါဆိုကော ကူညီမယ်ပေါ့"
"အွန်း ဒါမဲ့ မလွယ်လောက်ဘူး ကျန်းချန်ကစိတ်ကြီးတယ် မောင့်အကိုတော်တော်ကြိုးစားရမယ်"
"အွန်း မောင်လည်းပြောပြထားတယ် သူလည်းကြိုးစားမယ်တဲ့ ကောကလည်းနည်းနည်းဖျောင်းဖြပေးပေါ့ "
"အွန်း ကောလည်းတက်နိုင်သလောက်ပြောကြည့်မယ်လေ "
"ဒါဆို ဒီတစ်ပတ်ပိတ်ရက်ကျ ပိုရင်းနှီးသွားအောင် ကျွန်တော်တို့လည်းအပန်းဖြေရအောင် ပျော်ပွဲစားထွက်ရအောင် "
"အွန်း မောင့်အကြံကောင်းတယ် ဒါနဲ့ဘယ်သွားကြမလဲ "
"Heavenly lake ကိုသွားကြမယ်လေ အဲ့နေရာလေးက သာယာတယ်"
"အွန်း ကောင်းတယ် ဒါဆို ဒီနေ့ညနေကျ
ကုန်တိုက်သွားကြရအောင် လိုအပ်တာတွေ၀ယ်ရအောင်""အွန်း မောင်သူတို့ကိုပြောထားလိုက်မယ် ခုမောင် အတန်းသွားတော့မယ်နော် bye ကော"
"အွန်း bye"
YOU ARE READING
Game Love
Romanceကဲ ဒီficလေးကတော့ ကြယ်လေးရဲ့ ဒုတိယမြှောက်ficလပါနော် YiZhanficလေးပါ Gamerလေးနှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းလေးပါ LoveO2Oဇာတ်လမ်းပုံစံလေးကိုကျောရိုးလေးယူပြီးရေးထားပါ ဇာတ်လမ်းလေးက Romanticပုံစံလေးပါ သုံးပွင့်ဆိုငိ လေးပွင့်ဆိုင်လေးတွေဖြစ်မှာပါ အားပေးကြပါအုံ...