ရှောင်းကျန့်ကိုယ်၀န်ရှိတယ်ဆိုတည်းကရိပေါ်ကရုံးမတက်ခိုင်းတော့ အိမ်အလုပ်တွေလည်းသူပဲလုပ်သည် နည်းနည်းလေးတောင်မလုပ်ခိုင်း
အိမ်မှာလည်းဂရုစိုက်ရအောင်ဆိုပြီးရှောင်မားကိုခေါ်ထားသည်
ရှောင်းကျန့်စားချင်တယ်မှသမျှ ရုံးကနေအပြေးလာပြီးချက်ချင်း၀ယ်ပေးသည်။
ဟိုတလောကမှလက်ထပ်ထားတဲ့ ဟိုက်ခွမ်းတို့အတွဲလည်းလာပြီးဂရုစိုက်ပေးသည်
ခုဆိုကိုယ်၀န်က 6လထဲ၀င်လာတော့ဗိုက်လေးကပူပူလေးနဲ့ အစားကလည်းအရမ်းစားလာတော့ လူကလည်း၀လာလို့
ခုလည်းဟမ်ဘာကာစားချင်လာပြန်ပြီ
"ဟီးမောင့်ကိုဖုန်းဆက်ပြီးမှာရမယ်"
ရှောင်းကျန့်လည်းရိပေါ်ဆီကိုဖုန်းဆက်လိုက်သည်။
"ဟယ်လိုကော ဘာစားချင်လို့လဲ"
"မောင်သိသားပဲ "
"သိတာပေါ့ကကောရယ် စားချင်တာသာပြောလိုက်"
"အဲ့ကြောင့်ချစ်နေရတာ ဟမ်ဘာကာစားချင်လို့မောင်ရဲ့ "
"အိုခေ ခဏစောင့်ချက်ချင်းပို့ခိုင်းလိုက်မယ် ခုမောင်အစည်းအဝေးလုပ်နေလို့နော်"
"အွန်း အွန်းရတယ်မောင် အဲ့ဆိုကောဖုန်းချလိုက်တော့မယ်နော်"
"ဟုတ်ပြီကော bye"
ရှောင်းကျန့်ဖုန်းချသွားမှရိပေါ်ဟိုဘက်ကိုပြန်လှည့်ကြည့်တော့ သူ့ကိုအံ့ဩစွာကြည့်နေကြတဲ့ရှယ်ယာရှင်တွေ
"အဟန့်"
ရိပေါ်ချောင်းတချက်ဟန့်လိုက်တော့မှ ရှယ်ယာရှင်တွေလည်း အစည်းအဝေးကိုပြန်စိတ်၀င်းစားကြသည်။
ရှယ်ယာရှင်အားလုံးရဲ့စိတ်ထဲတွင်တော့
'ငါတို့ကိုကျအချေမျက်နှာနဲ့ဆက်ဆံတဲ့ CEOက သူ့ယောင်္ကျားကျကြင်နာလိုက်တာ တဖက်ကမ်းကိုလွန်လို့'
(တူမလားကွယ် ရှယ်ယာရှင်တွေအတွက်မျက်ရည်နှစ်စက်)
ရှောင်းကျန့်လည်းရိပေါ်ပို့လိုက်တဲ့ ဟမ်ဘာကာလေးကိုတမြုံ့မြုံ့စားနေသည်။
YOU ARE READING
Game Love
Romanceကဲ ဒီficလေးကတော့ ကြယ်လေးရဲ့ ဒုတိယမြှောက်ficလပါနော် YiZhanficလေးပါ Gamerလေးနှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းလေးပါ LoveO2Oဇာတ်လမ်းပုံစံလေးကိုကျောရိုးလေးယူပြီးရေးထားပါ ဇာတ်လမ်းလေးက Romanticပုံစံလေးပါ သုံးပွင့်ဆိုငိ လေးပွင့်ဆိုင်လေးတွေဖြစ်မှာပါ အားပေးကြပါအုံ...