၀မ်နင်လည်းကျောင်းကပြန်လာလာချင်း နေ့လည်ကန်တင်းကအကြောင်းကိုပြန်စဉ်းစားနေသည်။
(သူ ပြန်ကြိုက်ရင်ဘယ်လိုလုပ်မလဲ မကြိုက်လောက်ပါဘူး ဟာ သူ့ဘာသာကြိုက်တော့လည်းဘာဖြစ်နေလို့လဲ ဟာငါဘာတွေဖြစ်နေတာလဲ မသိတော့ဘူးကွာ အိပ်တော့မယ်ကွာ )
(၀မ်နင်လေး j၀င်နေတာ)
မနက်လည်းရောက်ရော
ရွယ်ယမ် " ၀မ်နင် မင်းရုပ်ကဘယ်လိုဖြစ်နေတာလဲ ပန်ဒါကတောင် အဘိုးခေါ်လို့ရတယ် "
ရိပေါ် "ဟုတ်ပ ၀မ်နင် မင်းဘာဖြစ်လာတာလဲ ညကအိပ်မရဘူးလား ဘာတွေများတွေးနေလို့လဲ "
၀မ်နင် "ဘာမှမဖြစ်ပါဘူးကွာ ငါညကျတွေးစရာလေးရှိလို့ပါကွ "
ရိပေါ်က ရွယ်ယမ်ကို တွေ့လားဆိုပြီးမျက်စာပြက်ပြလိုက်တယ်
ရိပေါ် "အေးပါကွာ မင်းဘာမှမဖြစ်ရင်ပြီးရော လာသွားကြမယ်"
ကျောင်းပေါက်၀မှာ ရိပေါ်တို့နဲ့ရှောင်းကျန့်တို့တွေ့ပြီး
ရှောင်းကျန့် "အော်မောင်တို့ပါလား မောင်ခဏပြောစရာရှိလို့ခဏလောက်"
ရိပေါ် "အွန်း လာပြီကော"
ရှောင်းကျန့် "မောင် ၀မ်နင်ကို စစ်ကျွေးက ဟိုကောင်မလေးကို နောက်နှစ်ရက်နေရင် အဖြေပေးတော့မှာလို့ပြောလိုက် "
ရိပေါ် "အွန်းပြောလိုက်မယ် အော်ဒါနဲ့ တစ်ကယ်ပေးမှာလားကော"
ရှောင်းကျန့် "ဘယ်ကသာမောင်ရယ် အဲ့ကောင်စစ်ကျွေးက အဲ့ကောင်မလေးကိုလှည့်တောင်မကြည့်"
ရိပေါ် "အော် အွန်း ဒါနဲ့ဘယ်နေရာလဲလို့မေးရင်ရော"
ရှောင်းကျန့် "Silent coffee ဆိုင်လို့ပြောလိုက်"
(အဲ့ဆိုင်ကတစ်ကယ်မရှိဘူးနော် သာသာထည့်ရေးထားတာ)
ရိပေါ် "အိုခေ ကော စစ်ကျွေးကိုရောဘယ်လိုပြောမှာလဲ"
ရှောင်းကျန့် "စစ်ကျွေးက ကောတို့တာ၀န်ထား"
ရိပေါ် "အွန်း နေ့လည်ကျရင်လည်း ကန်တင်းလာခဲ့မယ်နော် စောင့်နေ "
YOU ARE READING
Game Love
Romanceကဲ ဒီficလေးကတော့ ကြယ်လေးရဲ့ ဒုတိယမြှောက်ficလပါနော် YiZhanficလေးပါ Gamerလေးနှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းလေးပါ LoveO2Oဇာတ်လမ်းပုံစံလေးကိုကျောရိုးလေးယူပြီးရေးထားပါ ဇာတ်လမ်းလေးက Romanticပုံစံလေးပါ သုံးပွင့်ဆိုငိ လေးပွင့်ဆိုင်လေးတွေဖြစ်မှာပါ အားပေးကြပါအုံ...