ရိပေါ်လည်းအမူးသမားလေးရှောင်းကျန့်ကိုအိမ်ပေါ်အခန်းထိ ကုန်းပိုးလိုက်ပို့လိုက်ရသည်။
ကုန်းပိုးရတဲ့ဖြစ်စဉ်ကတော့ အိမ်ပေါ်တက်ဖို့လှေကားက်ုတက်ဖို့အလုပ် အမူးလေးကျန့်ကျန့်က တဖန်ရစ်ပြန်သည်။
"မောင်လို့ "
"ဗျာ ဗျ"
"ကောကိုကုန်းပိုး "
"ကုန်း ကုန်းပိုးရမယ်"
"ဘာလဲ မပိုးချင်ဘူးလား အဲ့ဆ်ု ဒီမှာပဲအိပ်တော့မယ်"
"အမလေး ဒီမှာတော့ မအိပ်လိုက်ပါနဲ့ကောရယ် ပိုးဆိုပိုးပါ့မယ်"
"ဟီး အဲ့ကြောင့်ချစ်တာ "
အိပ်ခန်းထဲရောက်တော့ ကုတင်ပေါ်တင်ပေးလိုက်တာနဲ့ တခါတည်းအိပ်ပျော်သွားတဲ့ယုန်ပေါက်
ရိပေါ်လည်း ရှောင်းကျန့်ကို သေချာနေရာချပေးပြီး စောင်လေးသေချာခြုံပေးလိုက်ပြီး ရိပေါ်လည်း ရေချိုးခန်းထဲ၀င် ကိုယ်လက်သက်စင်ပြီး ရှောင်းကျန်းရဲ့ဘေးနား၀င်လှဲလိုက်သည်။
ပြီးတော့ နှစ်နှစ်ခြိုက်ခြိုက်အိပ်နေတဲ့ကောရဲ့ နှဖူးလေးကို နူးညံ့စွာ နမ်းရှိုက်လိုက်ပြီး
"ကော အိမ်မက်လှလှ မက်ပါစေနော်"
ရိပေါ်လည်း ရှောင်းကျန့်ကို ရင်ခွင်ထဲထည့်ပြီးအိပ်လိုက်တော့သည်။
သာယာလှတဲ့ မနက်ခင်းမှာ မသာယာနိုင်သူကတော့ ရှောင်းကျန့်ပင်
ရှောင်းကျန့်လည်း မျက်စိဖွင့်ပြီးကြည့်လိုက်တော့ သူမရင်းနှီးတဲ့ အခန်း
'ဟင် ငါဘယ်ရောက်နေတာလဲ အဆောင်လည်းမဟုတ်ပါဘူး '
ရှောင်းကျန့်လည်း ညကအကြောင်းတွေသေချာပြန်စဉ်းစားလိုက်တော့ သူရိပေါ်ကိုရစ်တဲ့အကြောင်းတွေ သေချာပြန်ပေါ်လာတော့
"အား ...ငါဘယ်လိုတောင်ဖြစ်သွားတာလဲ"
ရိပေါ်လည်းရှောင်းကျန့်အသံကြားလို့ ရေချိုးခန်းထဲကထွက်လာသည်
"ကော ဘာဖြစ်လို့လဲခေါင်းကိုက်နေလို့လား"
"အွန်း နည်းနည်း "
YOU ARE READING
Game Love
Romanceကဲ ဒီficလေးကတော့ ကြယ်လေးရဲ့ ဒုတိယမြှောက်ficလပါနော် YiZhanficလေးပါ Gamerလေးနှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းလေးပါ LoveO2Oဇာတ်လမ်းပုံစံလေးကိုကျောရိုးလေးယူပြီးရေးထားပါ ဇာတ်လမ်းလေးက Romanticပုံစံလေးပါ သုံးပွင့်ဆိုငိ လေးပွင့်ဆိုင်လေးတွေဖြစ်မှာပါ အားပေးကြပါအုံ...