ep34💜

1.9K 149 6
                                    

ရှောင်းကျန့်တို့မြို့လေးရဲ့မနက်ခင်းလေးကပိုပြီသာယာလှသယောင်

ပြာလဲ့လှတဲ့ကောင်ကင်ကြီးမှာနေမင်းရဲ့အလင်းရောင်တွေဖြာကျပြီး ငှက်လေးတွေရဲ့အသံလေးတွေကလည်း မိုးလင်းကြောင်းကိုဖော်ပြနေ‌သယောင်

ဖြာထွက်နေတဲ့နေအလင်းရောင်တွေက ရှောင်းကျန့်ရဲ့အခန်းတွင်းသို့ ပြတင်းပေါက်ကနေတဆင့် ၀င်ရောက်လာပြီး ပေါ်နဲ့ရှောင်းကျန့်ရဲ့မျက်နှာနုနုလေးတွေပေါ်သို့ ညင်သာစွာကျရောက်လာသည်။

မျက်နှာပေါ်သို့အလင်းရောင်ကျရောက်မှုကြောင့် ရ်ပေါ်ကအရင်န်ုးလာတော့ ဘေးကယုန်လေးကမနိုးသေး

ရိပေါ်လည်းကောနိုးမည်စိုး၍ အလင်းရောင်ကိုလက်လေးနဲ့ကာပေးထားလိုက်သည်။

အိပ်နေတဲ့ကောရဲ့မျက်နှာလေးက ဘယ်လိုပဲကြည့်ကြည့် ချောရက်လွန်းတယ်

ယောင်္ကျားလေးတယောက်ကိုလှတယ်လို့မပြောသင့်ပေမဲ့ ‌ကောကမိန်းကလေးတွေထက်တောင်လှရက်လွန်းတယ်

အထိမခံနိုင်တဲ့ နူးညံ့တဲ့နှင်းပွင့်လေးတွေပမာ နူးညံ့လွန်းတယ်

ရိပေါ် ရှောင်းကျန့်ရဲ့မျက်နှာလေးကို ထိုင်ကြည့်နေတုန်း ရှောင်မားကတံခါးဖွင့်ပြီး၀င်လာသည်။

ရိပေါ်လည်း ရှောင်မားကိုရှူးတိုးတိုးဆိုပြီး လုပ်ပြပြီး သူလည်းအပြင်လိုက်ထွက်လိုက်သည်။အထဲက ယုန်လေးကတော့အိပ်လို့ကောင်းတုန်း

ရှောင်းမားလည်းစပ်စုသူပီပီ

"ရိပေါ်လေး ဘယ်လိုဖြစ်လို့သားကျန့်အခန်းထဲရောက်နေတာလဲ"

"ဟဲဟဲ မား ကောနဲ့အိပ်ချင်လို့ "

"ရိပေါ်လေးရယ် အဲ့ဒါများမားပြောရောပေါ့ တခန်းတည်းပြင်ပေးမှာပေါ့"

"မားကိုအားနာလို့ပါ နောက်ပြီးသရဲလည်းနည်းနည်းကြောက်လို့ "

"ဟုပါပြီ ရိပေါ်လေးရယ် နောက်နေ့တေ‌ွလည်းမင်းကောနဲ့သာ‌သွားအိပ်တော့ ဟုတ်ပြီလား"

"ဟုမား "

"ခုတော့မျက်နှာသွားသစ် ပြီးရင် မနက်စာ‌ပြင်ရအောင် မားကိုကူညီမယ်မလား"

Game LoveWhere stories live. Discover now