မနက်ခင်းနေရောင်ခြည်နွေးနွေးလေးနဲ့ ပြာလဲ့နေတဲ့ကောင်းကင်ကြီးယှဉ်တွဲပြီး ငှက်ကလေးတွေလည်း အိပ်တန်းကနိုးပြီး လူတွေထစေရန်အတွက်သာယာလှတဲ့အသံလေးတွေထုတ်လွှတ်ကြတယ်။
ရှောင်းကျန့်သည်လည်း မနက်ခင်းနေရောင်ခြည်နွေးနွေးလေးမျက်နှာပေါ်ကျရောက်လာမှုကြောင့် အ်ပ်ရာထက်က ထပြီးကျောင်းသွားရန် ရေချိုးခန်းထဲအရင်၀င်လိုက်သည်။
ရှောင်းကျန့်လည်းနိုးပြီးမကြာဘူး ကျန်တဲ့သူတွေလည်းနိုးလာကြသည်။
ရှောင်းကျန့်လည်းရေချိုးခန်းထဲကထွက်လာပြီး ရှင်းချန်နားသွားပြီး "အကို ဒီနေ့တော့ ၀မ်နင်လှုပ်ရှားလောက်ပါတယ်နော်"
"အေးကွ ငါတို့သေချာလမ်းခင်းပေးထားတာပဲ မလျှောက်ရင်တော့သူတို့ကံပေါ့ကွာ"
"အွန်းပေါ့ ငါတို့စစ်ကျွေးလေးကံကောင်းပါစေ"
ရှောင်းကျန့်တို့စကားပြောနေတုန်း messageသံလေး၀င်လာသည်။
'From Yb-ကောရော ကျောင်းလာရင် ကန်တင်းအရင်၀င်ခဲ့ ကျွန်တော့အကိုနဲ့မိတ်ဆက်ပေးမလို့'
"အကိုရေ ကျောင်းရောက်ရင်အရင် ကန်တင်း၀င်ကျမယ်နောိ"
"အွန်း ၀င်လေ"
"ဟေ့ကောင်ငကျန့် ဘာလို့ကန်တင်း၀င်မှာတုန်း"
"ရိပေါ်က သူ့အကိုနဲ့မိတ်ဆက်ပေးမလို့တဲ့"
"အဲ့ဒါငါတို့နဲ့ ဆိုင်လို့လား မ၀င်ချင်ပါဘူး"
"မင်းကလည်းကွာ အမြဲတမ်းဘုကလန့် လိုက်ခဲ့ပြီးရော ရှည်လိုက်တာ"
"ဟုတ်သားပဲကျန်းချန်ရယ် လိုက်ခဲ့စမ်းပါ မနက်စာလည်းတစ်ခါတည်းစားလို့ရတာပေါ့"
"ဟုတ်သားပဲအကိုကလည်း လိုက်ခဲ့ပါ ကျွန်တော်လည်းတွေ့ချင်တဲ့သူရှိလို့ပါ နော် နော်လို့"
"အေးပါကွာ လိုက်ခဲ့မယ် နားကိုညည်းတယ်"
ရှောင်းကျန့်တို့လည်း ပြင်ဆင်စရာရှိတာပြင်ဆင်ပြီး ကန်တင်းသို့သွားကြသည်။
ရိပေါ်လည်းရှောင်းကျန့်တို့ကန်တင်းထဲ၀င်လာတာမြင်ရော လက်လှမ်းပြလိုက်သည်။
YOU ARE READING
Game Love
Romanceကဲ ဒီficလေးကတော့ ကြယ်လေးရဲ့ ဒုတိယမြှောက်ficလပါနော် YiZhanficလေးပါ Gamerလေးနှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းလေးပါ LoveO2Oဇာတ်လမ်းပုံစံလေးကိုကျောရိုးလေးယူပြီးရေးထားပါ ဇာတ်လမ်းလေးက Romanticပုံစံလေးပါ သုံးပွင့်ဆိုငိ လေးပွင့်ဆိုင်လေးတွေဖြစ်မှာပါ အားပေးကြပါအုံ...