ep22💜

2.2K 185 6
                                    

ရိပေါ်တို့လည်းအထုတ်ပိုးတွေထုတ်ပိုးပြီး ကားလေးနဲ့ပြန်လာခဲ့ကြသည်။ရှောင်းကျန့်တို့ကိုအဆောင်က်ုလိုက်ပို့ပြီး အိမ်ပြန်လာတော့ မားက အနည်းငယ်မျက်နှာပျက်နေပြီး "သားတို့ပြန်လာကြပြီလား "

"ဟုတ်မား "

ရွယ်ယမ် "အဲ့ဆိုကျွန်တော်တို့ ပြန်လိုက်ပါအုံးမယ် အန်တီ "

"အေးအေးသားတို့ ဂရုစိုက်ပြန်ကြနော် "

All "ဟုတ်ကဲ့ပါအန်တီ"

"သား အခန်းထဲအရင်မ၀င်နဲ့အုံး ဧည့်ခန်းထဲအရင်လာခဲ့ သားကြီးကနားတော့"

ဟိုက်ခွမ်း "ဟုတ်မား ညီလေး ကိုက်ုအထုပ်တွေသယ်သွားလိုက်မယ်နော်"

Yb"ဟုတ် ကိုကို"

ရိပေါ်လည်းမားနောက်ကလိုက်ပြီး ဧည့်ခန်းထဲက ဆိုဖာမှာ၀င်ထိုင်လိုက်တယ်

"မား ဘာပြောမလို့လဲ "

ရိပေါ်အဖေက ဘာမှမပြောဘဲ ဓာတ်ပုံအိတ်ကို ရိပေါ်ဆီပစ်ပေးလိုက်သည်။ရိပေါ်လည်း ဓာတ်ပုံတွေကိုဖွင့်ကြည့်တော့ သူနဲ့ကောနဲ့နမ်းနေတဲ့ပုံတွေဖြစ်သည်။

"ပါးဒါတွေဘယ်လိုလုပ် ..."

"ဘာဘယ်လိုလုပ်ရမှာလဲ မင်းအဲ့ဒါတွေလုပ်ဖို့ကျောင်းသွားတက်ခိုငိးတယ်ထင်လား ၀မ်ရိပေါ် "

"အဲ့လိုမဟုတ်ပါဘူးပါး သား‌ေကာကိုတကယ်ချစ်တာ နောက်ပြီးသားစာဘက်ကိုလည်းမထိခိုက်စေရပါဘူး"

"ဘာ တကယ်ချစ်တာဟုတ်လား မင်း ယောင်္ကျားလေး‌တစ်ယောက်နဲ့ကြိုက်နေတာကိုပတ်၀န်းကျင်က ဘယ်လိုထင်ကြမလဲ မင်းတွေးမိလား "

"သားအဲ့ဒါတွေဂရုမစိုက်ဘူးပါး  သားသူ့ကိုချစ်တာပဲသိတယ် သားလဲ ပါးတို့ကို ပြောပြတော့မလို့ပဲ"

"မင်းပြောပြလည်းငါလက်ခံမှာမဟုတ်ဘူး မင်းအဲ့လိုလုပ်တာ ၀မ်အိမ်တော်သိက္ခာထိခ်ုက်တယ်သိလား "

"ပါးက အိမ်တော်သိက္ခာအတွက် သားတို့ရဲ့ချစ်ခြင်းကိုခွဲမလို့လား သားသူနဲ့လုံး၀လမ်းမခွဲနိုင်ဘူး"

"အေးအဲ့လိုဆိုလည်း မင်းမနက်ဖြန်ကစပြီးကျောင်းသွားစရာမလိုတော့ဘူး မင်းကိုနိုင်ငံခြားကိုလွှတ်မယ် မင်းသူနဲ့ လမ်းခွဲရမယ် ဒါပဲ"

Game LoveWhere stories live. Discover now