ရိပေါ်စာလုပ်နေတုန်း အခန်းတံခါးခေါက်သံကြားရလေသည်။
"ညီလေး အကို၀င်ခဲ့လို့ရလား"
"အကိုလား ၀င်ခဲ့လေ ရတယ်"
"ညီလေး စာလုပ်နေတာလား မအားလည်းရတယ်နော်"
"ရပါတယ် ပြီးတော့မှာ အက်ုဘာပြောစရာရှိလို့လဲ"
"အကိုလေ ကျန်းချန်ကိုဘယ်လိုဖွင့်ပြောရမလဲစဉ်းစားနေတာ သူစိတ်တိုသွားမှာလည်းဆိုးတယ်"
"အကိုကလည်း သူစိတ်တိုတာသာကြောက်နေရင် ဘယ်တော့မှပြောရမှာမဟုတ်ဘူးသိလား အဲ့ကျန်းချန်ကအမြဲစိတ်တိုနေတာ "
"ဟုတ်တော့ဟုတ်ပါတယ် "
"ဟုတ်ပါတယ်လုပ်မနေနဲ့ အဲ့ဘုကလန့်ကို စကားနဲ့သာကြွေအောင်ချွေလိုက်တော့ ဟိုတနေ့ကကောစလိုက်တုန်းကတောင် ရည်းစားလိုချင်နေတဲ့ရုပ်ကြီးဗျ အချိန်ကောင်းပဲ အကိုပြောလိုက်တော့"
"အွန်း အကို အားတင်းပြီးပြောလိုက်မယ် "
"ဒါနဲ့ သူ့ဖုန်းနံပါတ်ရောရှိလား"
"ဟင့်အင် မရှိဘူး"
"အကိုကလေ အဲ့ဒါကအစလိုက်ပြောနေရတယ် ဖုန်းနံပါတ်မရှိဘဲဘယ်လိုချိန်းမှာတုန်း"
"ဟုတ်သားပဲ"
"ဒီကညီလေးကပဲ ရေးပေးလိုက်တော့မယ် "
"ကျေးဇူး ဟဲဟဲ"
"မလိုပါဘူး ကိုယ့်အကိုကိုကူညီတာပဲ"
"အဲ့ဆို ညီလည်းစာလုပ်တော့လေ အကိုအခန်းပြန်တော့မယ်"
"ဟုတ်အကို ကျားရို့"
"ကျားရို့"
ဟိုက်ခွမ်းလည်း သူ့အခန်းပြန်ပြီး ရိပေါ်ပေးလိုက်တဲ့ ကျန်းချန်နံပါတ်ကိုဆက်လိုက်တယ်။
ကျန်းချန်လည်းစာလုပ်နေတုန်း ဖုန်းလာလို့ကြည့်လိုက်တော့ unknown numberတဲ့။ဒါပေမဲ့လည်းကိုင်လိုက်ပါတယ် သိတဲ့သူဖြစ်နေရင်ဘယ်လိုလုပ်မလဲ။
"ဟယ်လိုဘယ်သူလဲမသိဘူး"
"ကျွန်တော် ဟိုက်ခွမ်းပါ "
"ဟုတ်အကို ဘာကိစ္စရှိလို့လဲမသိဘူး"
"မနက်ဖြန်ညနေကျ အကိုတို့နှစ်ယောက်တွေ့လို့ရလား စကားလေးပြောချင်လို့"
YOU ARE READING
Game Love
Romanceကဲ ဒီficလေးကတော့ ကြယ်လေးရဲ့ ဒုတိယမြှောက်ficလပါနော် YiZhanficလေးပါ Gamerလေးနှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းလေးပါ LoveO2Oဇာတ်လမ်းပုံစံလေးကိုကျောရိုးလေးယူပြီးရေးထားပါ ဇာတ်လမ်းလေးက Romanticပုံစံလေးပါ သုံးပွင့်ဆိုငိ လေးပွင့်ဆိုင်လေးတွေဖြစ်မှာပါ အားပေးကြပါအုံ...