ရှင်းချန်လည်းနိုးလာတော့ အရင်နိုးနေတဲ့ရိပေါ်ကိုတွေ့လေသည်။
"ရိပေါ် အရင်နိုးနေပါလား "
"အွန်း"
အမှန်တော့ ညကတည်းကတစ်ရေးမှမအိပ်ခြင်းကို မိုးနတ်မင်းသာနဲ့ရိပေါ်သာသိလိမ့်မည်။
"အကိုက ကျောင်းသွားတက်ရမယ် ရိပေါ်တစ်ယောက်တည်းအဆင်ပြေလား ညနေကျရင်တော့အကိုတို့လာခဲ့မယ်နော်"
"ရပါတယ် အကိုတို့အားမှလာပါ ကျွန်တော်တစ်ယောက်တည်းလည်းဖြစ်ပါတယ်"
"အေးပါကွာ မင်းလည်းထမင်းလေးဘာလေးစားအုံး ကျန့်ကျန့်မနိုးခင်မင်အရင်အားပျက်နေမယ် ကြားလား"
"ဟုတ်သ်ပါတယ်အကို ဒါမဲ့ ကောဒီလိုဖြစ်နေတော့ စားလို့မ၀င်ဘူးအကိုရ"
"ငါလည်းနားလည်ပါတယ် ဒါမဲ့ ကျန့်ကျန့်လည်း မင်းဒီလိုဖြစ်နေတာဘယ်မြင်ချင်ပါ့မလဲ "
"ဟုတ်အကို ကျောင်းသွားဖို့ပြင်တော့လေ နောက်ကျနေမယ်"
"အေးအေး အဲ့ဆိုငါသွားပြီနော်"
ရိပေါ်လည်း ရှောင်းကျန့်ကိုအားနည်းနေတဲ့ပုံစံမမြင်စေချင်တာနဲ့ မနေ့က ရှင်းချန်၀ယ်လာတဲ့ မုန့်ကိုအနည်းငယ်စားလိုက်သည်။
နောကိပြီးလူလည်းလန်းဆန်းနေအောင် မျက်နှာသစ်လိုက်သည်။
ညနေကျတော့ ရှင်းချန်တို့အဖွဲ့ရောက်လာပြီး လူနာစောင့်ပေးကြသည်။
သူတို့လည်း ရိပေါ်ကိုဒီလိုမြင်နေရတာအရမ်းသနားနေပြီ။
ရှောင်းကျန့်ကုတင်ပေးကနေတစ်ဖဝါးမှမခွာ မလှုပ်မယှုပ်ထိုင်နေသည်။မေးမှသာစကားပြန်ပြောသည်။
နောက်တစ်နေ့ကျ ဟိုက်ခွမ်းလည်းဘလာကြည့်ပြီး သူ့ညီအဖြစ်ကိုကြည့်ပြီးဘာမှမပြောနိုင်။
ဟိုက်ခွမ်းလည်း စိတ်မကောင်းတာနဲ့ ခဏလေးလာပြီးကြည့်ပြန်သွားသည်။
အိမ်ပြန်ရောက်တော့
"သားကြီးခဏ လာအုံး "
"ဟုတ်မား "
"ဟိုကောင်လေး ရှောင်းကျန့်ရောဘယ်လိုနေသေးလဲ"
YOU ARE READING
Game Love
Romanceကဲ ဒီficလေးကတော့ ကြယ်လေးရဲ့ ဒုတိယမြှောက်ficလပါနော် YiZhanficလေးပါ Gamerလေးနှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းလေးပါ LoveO2Oဇာတ်လမ်းပုံစံလေးကိုကျောရိုးလေးယူပြီးရေးထားပါ ဇာတ်လမ်းလေးက Romanticပုံစံလေးပါ သုံးပွင့်ဆိုငိ လေးပွင့်ဆိုင်လေးတွေဖြစ်မှာပါ အားပေးကြပါအုံ...