ep30💜

2.2K 175 5
                                    

ဟိုက်ခွမ်းလည်းသူ့ရဲ့အသစ်စက်စက်ချစ်သူလေးစောင့်နေရမှာဆိုးလို့ ကားလေးကိုမြန်မြန်လေးမောင်းလာလိုက်သည်။

အဆောင်ရှေ့မှာသူ့ကိုစောင့်နေတဲ့ ချစ်သူလေးကိုတွေ့တော့ကားပေါ်ကနေဆင်းလာပြီး

"၀မ်ရင်စောင့်ရတာကြာသွားလား ကားလမ်းနည်းနည်းကြပ်သွားလို့"

"ရပါတယ် ခုလေးတင်အခန်းထဲကထွက်လာတာ"

"အဲ့ဆို ၀မ်ရင်ဘယ်သွားချင်လဲ ကို အကုန်လိုက်ပို့မယ် "

"ခုတော့စာလုပ်ထားလို့ ဗိုက်ဆာနေပြီ ဟ်ုတခါသွားတဲ့ကော်ဖီဆိုင်လေးသွားရအောင် "

"အိုခေဗျာ အဲ့ရောက်မှ နောက်ထပ်သွားမဲ့နေရာဆက်စဉ်းစား"

"အွန်း"

ဟိုက်ခွမ်းလည်း ကျန်းချန်တက်ဖို့ကားတံခါးလေးကိုအဆင်သင့်ဖွင့်ပေးလိုက်သည်။

ရှောင်းကျန့်ကတော့ ကျန်းချန်တို့အတဲွကိုပြတင်းပေါက်ကနေလှမ်းချောင်းနေသည်။ကားလေးထွက်သွားမှ စာကြည့်စားပွဲပြန်ထိုင်ပြီး စာဆက်လုပ်နေလိုက်သည်။

ရှင်းချန်နဲ့စစ်ကျွေးအခန်းထဲပြန်ရောက်တော့
ရှောင်းကျန့်တယောက်တည်းစာလုပ်နေတာကိုတွေ့ရသည်။

"ကျန့်ကျန့် ကျန်းချန်ရောဘယ်သွားလဲ စောစောကစာလုပ်နေတာမဟုတ်ဘူးလား"

"ဟဲဟဲ ကျွန်တော်နည်းနည်းလေးဆွပေးလိုက်တာ အက်ုဟိုက်ခွမ်းကိုအဖြေပေးပြီး ‌ခုလျှောက်လည်ဖို့ထွက်သွားလေရဲ့"

"ဟေ ငါတို့စာကြည့်တိုက်လေးခဏသွားမိတာ အဲ့လိုတောင်ဖြစ်သွားလားဟ"

"အဲ့လိုဖြစ်သွားတယ် အကိုရေ အဲ့ကောင်ကျန်းချန်ဘာမှဟုတ်ဘူး မူနေတာ "

"သူတို့အဆင်ပြေသွားလည်းကောင်းတာပဲ မဟုတ်ရင် အဲ့ကကောင်စဉ်းစားခန်းဖွင့်နာပြီးမှာမဟုတ်ဘူး"

"အကိုတို့ရယ် မပြောပါနဲ့တော့ ဟိုကလမ်းမှာနားတွေယားနေမယ်"

"အေး ဟုတ်သားပဲ ဟား.....ဟား...."

🎶wo ai ni...wu wei ren hai de yong ji🎵

🎶yong jin yu sheng de yong qi🎵

🎶zhi wei neng kao jin ni🎵

🎶ai shang ni...🎵

Game LoveWhere stories live. Discover now