"မေတင်ရေ သွားရအောင်လေ
နောက်ကျတော့မယ်"
"လာပြီ နန်းရေ"
"ကလေးတွေ အဖေ မပါဘူးဆိုတော့ တို့နှစ်ယောက်ထဲ လွတ်လွတ်လပ်လပ်နဲ့ စားချင်တာ စားပြီးမှပြန် ရအောင်လေ မေတင်ရဲ့""အိမ်မှာဆို စားချင်တာ မစားရဘူး သူ့အဖေက အရမ်းစိုးရိမ်တာ ဗိုက်ထဲက ကလေး တစ်ခုခု ဖြစ်သွားမှာသိပ်ကြောက်တာ"
"ငါလည်းတူတူပါဘဲနန်းရယ် သက်သက်မဲ့ သဲသဲလှုပ်နေတာ"
ထိုအချိန်တွင် သူနာပြုဆရာမလေးထံမှ "ဒေါ်မေတင် ရှိပါသလား ဝင်လို့ရပါပြီရှင်"
"လာမေတင် သွားရအောင် ငါတို့အလှည့်ရောက်ပြီ "
"ကလေးနှစ်ယောက်လုံးက ကျန်းကျန်းမာမာနဲ့ ရှိနေပါတယ် မွေးရက်ကလည်းနီးနေပြီနော် တစ်လ လောက်ဘဲလိုတော့တာဆိုတော့ အစစအရာရာ ဂရုစိုက်ကြနော်"
"ဂရုစိုက်တာတော့ပြောမနေပါနဲ့ဆရာမရယ်
ကလေးတွေအဖေက သဲသဲလှုပ်နေတာ ဒါတောင် ဗိုက်ထဲမှာဘဲရှိသေးတယ် အပြင်ထွက်လာရင်ပိုဆိုးမှာ""အဲ့တာဆို ညီမတို့ပြန်အုန်းမယ်နော် ခွင့်ပြုပါအုန်း ဆရာမရယ် "
"မေတင်ရေငါတို့ဘယ်မှာသွားစားမလဲ ငါတော့ပူပူစပ်စပ်လေးစားချင်တယ်ဟယ်"
"အဲ့တာဆို မင်းလမ်းမုန့်တီသွားစားမယ်လေ"
"သွားမယ် မင်းလမ်းမုန့်တီဆိုင် သာယာရေ မင်းလမ်းကိုမောင်းတော့ အဲ့အကြောင်း မင်းဆရာကိုသွားမပြောနဲ့နော်"
"မပြောပါဘူး မနန်းရယ်"
"မေတင် ငါကတော့ မုန့်တီသုပ်ရယ် ကင်းမွန်သုပ်ရယ် နင်ကကော"
"ငါက မုန့်တီရယ် သင်္ဘောသီးထောင်းရယ် ထောပတ်သီးဖျော်ရည်ရယ် ရပြီ ဒါဘဲ"
"နန်းရေ ငါဗိုက်နာလာသလိုဘဲ"
"ငါလည်းနာလာသလိုဘဲ အစပ်တွေစားလို့လား မသိဘူး "
"မရတော့ဘူး သေချာတယ် ကလေးမွေးတော့မှာလား မသိဘူး ဟဲ့သာယာ မောင်းတော့ ဆေးရုံကို မြန်မြန်မောင်းတော့"
"ဆရာရေ မနန်းမွေးပြီလားမသိဘူး ဗိုက်နာနေလို့တဲ့ အခုဆေးရုံပေါ်မှာ"
"အေး ငါလိုက်ခဲ့မယ် ခဏဘဲစောင့်"
"သော်တာရေ ငါတို့မင်းသားလေး
တွေ မွေးပြီတဲ့ ဆေးရုံကိုတန်းလာခဲ့တော့ ငါတော့သွားနှင့်ပြီ"
ဦးရဲရင့်ဖုန်းချပြီးနောက် ကားကိုခပ်မြန်မြန်လေးမောင်းလိုက်သည်
ဦးရဲရင့်နဲ့ဦးသော်တာ ဆေးရုံသို့ရောက်လျှင်ရောက်ခြင်း မွေးခန်းသို့ အလျင်အမြန်သွားလေသည်
YOU ARE READING
𝐃𝐢𝐟𝐟𝐞𝐫𝐞𝐧𝐭 𝐋𝗼𝐯𝐞 𝐈𝐧 𝐓𝐡𝐞 𝐃𝐢𝐟𝐟𝐞𝐫𝐞𝐧𝐭 𝐑𝗼𝐥𝐞
General Fictionဒီ ဇာတ်လမ်းပါအကြောင်းအရာများသည် စိတ်ကူးယဉ်ဇာတ်လမ်းသက်သက်သာဖြစ်ပါသည်။ တစ်ဦးတစ်ယောက်နှင့်တူညီခဲ့ပါလျှင် တိုက်ဆိုင်မှုသာဖြစ်ပါသည်။ အားပေးဖတ်ရှုမှုအတွက် ပြောမပြတတ်အောင်ကျေးဇူးတင်ပါသည်။ Boyxboy Creation by buttercup Zawgyi Version and Unicode Version