"လရောင် အဆင်ပြေရဲလား အစ်ကိုတို့ဘာကူညီပေးရအုန်းမလဲ"
"ဟုတ်ကဲ့ ပြေပါတယ် ကိုwee wee"
"အားမနာနဲ့နော် ကိုယ့်အိမ်ကိုယ့်ရာလိုနေ ဘာမှအားနာစရာမလိုဘူး ပြီးတော့ Vv ကိုလည်းအရမ်းအလိုမလိုက်နဲ့နော် အဲ့ကလေးကအရမ်းဆိုးတယ်"
"ဟုတ်ကဲ့"
"ဒယ်ဒီကလည်း Vv ကကိုကိုလရောင်ကိုချစ်လို့ခိုင်းတာလေ မချစ်ရင်ခိုင်းတောင်မခိုင်းဘူး ပြီးတော့ပြောရအုန်းမယ် Vv ကလိမ္မာတဲ့ကလေးကိုဆိုးတယ်ဘဲပြောနေကြတယ်"
"အေးပါ မပြောတော့ဘူး ငါမှားတာ လာပါအုန်း လိမ္မာတဲ့ကလေးလေး စာတွေရေးပြီးပြီလား"
"ဒါကလေ ဟီးဟီး ဒီနေ့တစ်နေကုန်လျှောက်သွားနေတာဆိုတော့မရေးရသေးဘူး"
"သွား အခု ဆင်ခြေတွေမကြားချင်ဘူး ကိုယ်လုပ်ရမဲ့အပိုင်းကိုပြီးအောင်သွားလုပ်"
Vv လည်း အမှားလုပ်ထားတာဆိုတော့ အထွန့်မတက်တော့ဘဲ စာရေးရန်ပြင်လိုက်သည်။
"ကိုကိုလရောင် vv စာရေးဖို့ဘေးနားမှာလာစောင့်ပေးအုန်း"
Vv ကသာလာစောင့်ဖို့ပြောနေတာ Vv စာရေးနေတာ လရောင်ရှေ့လှမ်းလှမ်းလေးကစားပွဲပေါ်မှာထိုင်ရေးနေတာ။
"Vv ဒယ်ဒီနဲ့လရောင် ဒီမှာရှိတယ် ရေးမှာချည့်ရေး စကားများနေလို့မပြီးရင် မအိပ်ရဘူးမှတ် ပြီးမှအိပ်ရမယ်"
"ရေးရမှာတွေကအများကြီးဘဲ ဘယ်လိုလုပ်ပြီးမှာလဲ ဘေးနားမှာလူတစ်ယောက်ရှိတော့ရေးရတာပိုအဆင်ပြေတာပေါ့"
"ရတယ် Vv ငါလာခဲ့မယ်"
"ကိုကိုခက်ကိုမခေါ်ပါဘူး"
"ရတယ် ငါလာပြီ"
"ဟွန့်အနှောင့်အယှက်အကြီးစားဘဲ"
"Vv ဘာပြောလိုက်တာလဲ ငါအကုန်ကြားတယ်နော်"
"ဘာမှမဟုတ်ဘူး စာရေးမလို့"
"ခက် အန်တီကဘယ်မှာတည်းတာလဲ"
"ဟိုတယ်မှာဘဲနဲ့တူတယ်"
"နေရထိုင်ရတာအဆင်မပြေရင်ပြောနော်"
"မဟုတ်တာ အစ်ကိုရယ် နေဖို့စားဖို့ကူညီတာနဲ့တင်ပြည့်စုံနေပါပြီ ခက်တို့ကအားနာနေရတာ"
YOU ARE READING
𝐃𝐢𝐟𝐟𝐞𝐫𝐞𝐧𝐭 𝐋𝗼𝐯𝐞 𝐈𝐧 𝐓𝐡𝐞 𝐃𝐢𝐟𝐟𝐞𝐫𝐞𝐧𝐭 𝐑𝗼𝐥𝐞
General Fictionဒီ ဇာတ်လမ်းပါအကြောင်းအရာများသည် စိတ်ကူးယဉ်ဇာတ်လမ်းသက်သက်သာဖြစ်ပါသည်။ တစ်ဦးတစ်ယောက်နှင့်တူညီခဲ့ပါလျှင် တိုက်ဆိုင်မှုသာဖြစ်ပါသည်။ အားပေးဖတ်ရှုမှုအတွက် ပြောမပြတတ်အောင်ကျေးဇူးတင်ပါသည်။ Boyxboy Creation by buttercup Zawgyi Version and Unicode Version