"ဖီဖီ နာနေသေးလား ဒယ်ဒီကဘာလုပ်ထားသေးတာလဲ"
"အခုမှဘဲမေးဖော်ရတယ်နော် vv Liam "
"စောနကမေးမလို့ဘဲလေ ဖီဖီကဒယ်ဒီ့ပေါ်ရောက်နေလို့"
"ဖီဖီဘာမှမဖြစ်ပါဘူး အဆင်ပြေတယ် သား ကိုအင်္ကျီလဲပေးမယ် ဟိုအိတ်ထဲမှာ အင်္ကျီရှိတယ် တစ်ချက်လောက်ယူပေးပါအုန်း"
"ရပြီ ဖီဖီ လဲပေးတော့"
ဟန်မင်းမြတ်က vv ကိုအဝတ်စားလဲပေးနေပြီး wee wee နေ့လည်စာသွားမှာနေသည်။
Wee wee ပြန်လာတော့ vv ကမရှိတော့ဘူး လရောင်ဆီရောက်နှင့်နေပြီဖြစ်သည်။
"Vv ကော ဘယ်သွားပြီလဲ"
"Vv ကလရောင်ဆီသွားပြီ"
"ဒါနဲ့ဟန်လေးက ဘာလို့ပုဆိုးကြီးဝတ်ထားတာလဲ"
"ဘောင်းဘီကအဆင်မပြေဘူး ပုဆိုးမှအဆင်ပြေမယ်ထင်လို့"
"ပုဆိုးဆိုရင် ကိုယ်ချီလို့မလွယ်ဘူးနော် ပြီးရင်မဖြစ်ဘူး နောက်ကနေကြည့်ရင် ဖင်လုံးလုံးလေးပေါ်နေလိမ့်မယ်"
"ပြီးတော့ အတွင်းခံလည်းမဝတ်ထားဘူးမှတ်လား"
"ဟာဘာတွေပြောနေတာလဲ ရှက်လိုက်တာ အတွင်းခံကဝတ်ထားတာပေါ့"
"တော်ပြီ ဘောင်းဘီဘဲဝတ်တော့ ထိုင်ထလုပ်ထားတာကြောင့် ဖင်ကပိုကိတ်နေပါတယ်ဆို ပုဆိုးဝတ်ရင်ပိုသိသာသွားလိမ့်မယ် မဖြစ်ဘူး"
ဟန်မင်းမြတ်ရှက်လွန်းလို့ပါးလေးတွေတောင်ရဲလာပြီ။
"ဟန်လေးလာ ဘောင်းဘီဝတ်ပေးမယ်"
Wee wee ဟန်မင်းမြတ်ကိုကြည့်လိုက်တော့ပါးလေးတွေဆိုတာရဲတွတ်နေတာဘဲ သူသိလိုက်ပါတယ် ဟန်လေးရှက်နေပြီဆိုတာ။
"ဘာတွေရှက်နေတာလဲ ကိုယ်တို့က vv တောင်မွေးပြီးပြီနော်"
"Wee wee တော်တော့ ဒီမှာရှက်လို့သေတော့မယ်"
"အေးပါ နောက်တစ်ခါမစတော့ပါဘူး အခုတော့ဘောင်းဘီဝတ်ပေးမယ်နော်"
ဟန်လေး wee wee ကိုမကြည့်ဘဲအကြည့်လွဲထားလိုက်သည်။
Wee wee ကသိတာကြောင့်ပြုံးစိစိဖြစ်နေသည်။
YOU ARE READING
𝐃𝐢𝐟𝐟𝐞𝐫𝐞𝐧𝐭 𝐋𝗼𝐯𝐞 𝐈𝐧 𝐓𝐡𝐞 𝐃𝐢𝐟𝐟𝐞𝐫𝐞𝐧𝐭 𝐑𝗼𝐥𝐞
General Fictionဒီ ဇာတ်လမ်းပါအကြောင်းအရာများသည် စိတ်ကူးယဉ်ဇာတ်လမ်းသက်သက်သာဖြစ်ပါသည်။ တစ်ဦးတစ်ယောက်နှင့်တူညီခဲ့ပါလျှင် တိုက်ဆိုင်မှုသာဖြစ်ပါသည်။ အားပေးဖတ်ရှုမှုအတွက် ပြောမပြတတ်အောင်ကျေးဇူးတင်ပါသည်။ Boyxboy Creation by buttercup Zawgyi Version and Unicode Version