9 Zawgyi

1K 64 9
                                    


"ကိုကိုလရောင်ထတော့ Vv တောင်နိုးနေပြီ ထတော့ အိပ်ပုတ်ကြီးမနေနဲ့"

ညကလရောင်တော်တော်လေးပင်ပန်းသွားသည်။

Vv ကခိုင်းကောင်းကောင်းနဲ့ခိုင်းနေတာကြောင့်

"ကိုကိုလရောင် Vv အသီးစားချင်တယ်"

"ကိုကိုလရောင် အာလူးကြော်စားချင်တယ်"

"ကိုကိုလရောင် ဗိုက်ဆာပြန်ပြီ"

"ကိုကိုလရောင် Vv ရေသောက်ချင်တယ်"

"ကိုကိုလရောင် Vv အပေါ့သွားချင်တယ်"

လရောင်က Vv ကိုမညည်းမညူဘဲလိုက်လုပ်ပေးနေတာကို Vv အရမ်းသဘောကျသည်။

"ဖီဖီနဲ့ကွာဘ ဖီဖီဆို Vv ကို ခိုင်းတာလုပ်ပေးဖို့နေနေသာသာ သူကဘဲခိုင်းနေတာ ဒယ်ဒီနဲ့ဆိုရင် ပိုဆိုး အကုန်လုံးကိုယ့်ဘာသာလုပ်ရတာ"

"ကောင်းတာပေါ့ Vv နောက်ဆို ကိုယ့်ဘာသာဘဲလုပ် ဘာမှမလုပ်ပေးတော့ဘူး"

"ရပါဘူး ကိုကိုလရောင်ကို Vv ဘဲခိုင်းမှာ ကျန်တဲ့သူခိုင်းရင် မလုပ်ပေးရပါဘူး နောက်လည်း Vv ဘာခိုင်းခိုင်းကိုကိုလရောင် Vv ကိုဘဲလုပ်ပေးရမယ်"

"ဒီက ကလေးလေးအတွက် ဘာမဆိုလုပ်ပေးပါ့မယ်"

"ကလေး မဟုတ်ဘူး လူကြီးသေးသေးလေးလို့ဘဲမြင် အဲ့တာမှအဆင်ပြေမှာ"

"အေးပါ  လူကြီးသေးသေးလေးရယ်"

"လူကြီးလို့မြင်မှ Vv game ဆော့လို့ရမှာ"

"ဘာ game လဲ Vv "

" ဒီလိုဘဲ game ဆို game ပေါ့ စကားကိုများတယ် ကိုကိုခက်ကိုသွားနိုးရအောင် သူကအပြင်မှာ နတ်ပြည်ရောက်နေလောက်ပြီ"

"ဖက် ဖက် ကိုကိုခက်ထတော့"

Vv ခက်ပါးကိုတစ်ဖက်ဖက်နဲ့ရိုက်ပြီးနိုးနေလိုက်သည်။

"Vv မရိုက်နဲ့လေ ခက်နာသွားမှာပေါ့"

"ကိုကိုလရောင်ကသာပြောနေတာ ဟိုကဖြင့်လှုပ်တောင်မလုပ်ဘူး အိပ်နေတာ လူသေအတိုင်းဘဲ သိပြီ ဒီလိုလုပ်ရအောင်"

"ဘာလုပ်အုန်းမလို့လဲ ထားလိုက်ပါ အိပ်ပါစေ"

"မရပါဘူး Vv တောင် ထနေတာသူ့ကိုလဲနိုးမှာဘဲ ကိုကိုလရောင်သာ ငြိမ်ငြိမ်နေ Vv လုပ်တာသာထိုင်ကြည့်နေ"

𝐃𝐢𝐟𝐟𝐞𝐫𝐞𝐧𝐭 𝐋𝗼𝐯𝐞 𝐈𝐧 𝐓𝐡𝐞 𝐃𝐢𝐟𝐟𝐞𝐫𝐞𝐧𝐭 𝐑𝗼𝐥𝐞Where stories live. Discover now