16 uni

1.3K 92 11
                                    


"ဟန်လေး ထတော့"

"ခဏလေးပါ အိပ်ချင်နေသေးတယ် ငါးမိနစ်ဘဲ"

"နောက်ကျ‌တော့မှာနော် ထတော့ မနက်စာစားချင်တယ် ဟန်လေး ထတော့"

"အိပ်ချင်သေးတယ် ‌ဆိုင်မှာဘဲသွားစားလိုက်တော့ အဲ့မှာပိုစုံတယ်"

"မရဘူး ထတော့ နောက်ကျ‌တော့မယ် ဟန်လေး"

"ရတယ်လေ ဆေးရုံနားကဆိုင်မှာဘဲစားတော့မယ်"

"မရပါဘူး သွားရေသွားချိုးတော့ မနက်စာပြင်ပေးမယ် ထမင်းကြော်ကြော်ပေးမယ် မုန်လာဥဖျော်ရည် ဖျော်ပေးမယ် တစ်ခြားဘာစားချင်သေးလဲ"

"ရပြီ ကိုယ်ရေသွားချိုးတော့မယ်"

ဟန်မင်းမြတ်သိတာပေါ့ ဆေးရုံနားကဆိုင်မှာဆေးရုံက သူနာပြု ဆရာဝန်တွေတော်တော်များများမနက်စာစားကြတာ အဲ့အချိန်ဆို wee wee နားမှာမိန်းကလေးတွေဝဲနေပြီ အီစီကလီလာလုပ်ကြတာ။

ထမင်းစားချိန်သုံးချိန်လုံးကို သူဘဲတာဝန်ယူထားပေးပေမဲ့ တစ်ခါတစ်လေ သူ့ဆိုင်မှာဘဲစားခိုင်းသည်။

ဆေးရုံနားကဆိုင်ကိုတော့လုံးဝမစားခိုင်းဘူး။

Wee wee ထွက်လာတော့စားပွဲပေါ်မှာ အဝတ်အစားကအဆင်သင့်ပြင်ပေးထားသည်။

အခန်းထဲကထွက်လာတော့လည်း ‌ထမင်းကြော်နံ့မွှေးမွှေးလေးကိုရသည်။

"မွှေးလိုက်တာ စားကောင်းမဲ့ပုံဘဲ"

"ဟန်လေးလက်ရာက အချိန်တိုင်းကောင်းပြီးသားပါ"

"အဲ့တာဆိုပျင်းမနေနဲ့ နေ့တိုင်းစောစောထပြီးချက်ကျွေးလေ"

"အင်းပါ ဒီလင်ကိုယူမှတော့ ဒီဝတ်တော့ခံရမှာပေါ့ "

"ဟန်လေးနော် ဘာတွေပြောနေမှန်းကိုမသိဘူး ဒါနဲ့လေဟိုတစ်ခါကကိုယ်ပြောထားတာမှတ်မိတယ်မှတ်လား"

"ဘာကြီးလဲ"

"Vv အတွက်ဆရာရှာပေးမယ်လို့ပြောထားတာလေ အဲ့တာရပြီ"

"ဘယ်သူလဲ ဘယ်ကလဲ မိန်းကလေးဆိုလက်မခံဘူးနော် အိမ်မှာက ယောင်္ကျားလေးတွေကြီးဘဲ ဆရာမနဲ့ဖြစ်မှာမဟုတ်ဘူး"

𝐃𝐢𝐟𝐟𝐞𝐫𝐞𝐧𝐭 𝐋𝗼𝐯𝐞 𝐈𝐧 𝐓𝐡𝐞 𝐃𝐢𝐟𝐟𝐞𝐫𝐞𝐧𝐭 𝐑𝗼𝐥𝐞Where stories live. Discover now