4 uni

2.2K 107 5
                                    


ခရာကျောင်းရှာနေရင်း ရှာနေရင်းနဲ့ ယောကျာ်းလေးသီးသန့်ကျောင်းတစ်ခုကိုသွားတွေ့သည်။

ကျောင်းရဲ့ website ထဲဝင်ကြည့်လိုက်တော့ gay couple တွေများတယ်ဆိုပြီးနာမည်ကြီးတဲ့ကျောင်းဖြစ်နေတယ်။

အဲ့ကျောင်းကဝင်ခွင့်ကလုံးဝမခက်ခဲဘဲအလွယ်တကူဝင်နိုင်သည်။

သူကျောင်းနဲ့လည်းနီးနီးလေးဘဲဆိုတော့သူအမြဲသွားကြည့်လို့ရတယ်။

တော်‌တော်လေးကိုအဆင်ပြေတဲ့ကျောင်းဖြစ်နေတယ်။

ဒီထက်ပိုပြီးကျောင်းအကြောင်းကိုစုံစမ်းကြည့်လိုက်တော့ straight တွေတောင် gay သွားစေတဲ့ကျောင်းဖြစ်နေတယ်။

"မဖြစ်သေးပါဘူး ဒီပေါက်စကနဂိုထဲကမှ ကွေးချင်နေတာ အဲကျောင်းသာပို့လိုက်ရရင်တော့
ဗိုက်ပါကြီးလာမှာ"

"နောက်‌‌တစ်‌‌ကျောင်းဘဲစုံစမ်းတော့မယ်"

"တွေ့ပြီ ဒီကျောင်းလေးကမဆိုးဘူးဘဲ မိန်းကလေးကော ယောကျာ်းလေးပါတက်လို့ရတယ် ဝေးတော့ဝေးနေတယ် အဲ့တစ်ခုဘဲ"

"အဆင်ပြေမှာပါ ဒီကျောင်းလေးက မဆိုးပါဘူး ခက်နဲ့ဆိုအဆင်ပြေမှာပါ"

"တော်ပြီကွာဒီကျောင်းဘဲရွေးလိုက်တော့မယ်"

"ဝါး အိပ်တောင်အိပ်ချင်လာပြီ ဘယ်အချိန်တောင်ရှိနေပြီလဲ"

"2နာရီတောင်ထိုးနေပြီလား အိပ်မှဘဲ"

"ခက်လေးရေ ကိုကိုလာပြီ လာလာ ကိုကို့ရင်ခွင်ထဲလာ"

ခရာလည်း ကုတင်ပေါ်မှာတက်ပြီးအိပ်ရန်ပြင်နေတုန်းဘဲရှိသေးတယ်။

ခက်ကလူးလိမ့်ပြီး ခရာရင်ခွင်ထဲကိုတိုးဝင်နေသည်။

ခရာကလည်းသူ့ရင်ခွင်ကျယ်ကြီးကို ခက်အတွက် အပြည့်အဝဖွင့်ပေးလိုက်သည်။

ခရာကညကညဉ့်နက်တာကြောင့်အိပ်ယာစောစောမနိုးဘဲဆက်အိပ်နေသည်။

ခက်ကစောစောနိုးနေပြီး မျက်လုံးဖွင့်ကြည့်လိုက်တော့ ခရာရဲ့ရင်ခွင်ကျယ်ကြီးကိုတွေ့လိုက်ရသည်။

ပြီးတော့ မော့ကြည့်လိုက်ပြီး ခရာရဲ့နှုတ်ခမ်းလေးက ခက်ကိုဆွဲဆောင်နေသည်။

𝐃𝐢𝐟𝐟𝐞𝐫𝐞𝐧𝐭 𝐋𝗼𝐯𝐞 𝐈𝐧 𝐓𝐡𝐞 𝐃𝐢𝐟𝐟𝐞𝐫𝐞𝐧𝐭 𝐑𝗼𝐥𝐞Where stories live. Discover now