ခက်က မိုးရေမခံနိုင်တော့ အိမ်လဲရောက်ကော ခက် ဖျားတော့တာဘဲ။
ခက်ဖျားမယ် မှန်းသိလို့ ခရာက ဆန်ပြုတ်ကိုကိုယ်တိုင်သွားပြုတ်နေသည်။
ဆန်ပြုတ်ကျွေးပြီးရင်တော့ ခက်ကိုဆေးတိုက်ပြီး အိပ်ခိုင်းရမယ်။
ဒါမှခက်သက်သာလာမှာ။
ခက်က ခရာဆန်ပြုတ်ယူလာတော့ မသောက်ချင်တဲ့ပုံစံဖြစ်နေတယ်။
"ဘာလို့ လူတွေက နေမကောင်းဖြစ်ပြီဆိုတာနဲ့ ဆန်ပြုတ်ဘဲ ကျွေးမှန်း စဉ်းစားလို့ကိုမရဘူး
ဒီလောက်အရသာရှိတဲ့ဟာတွေထဲကမှ ဆန်ပြုတ်တဲ့သောက်ချင်စရာ ကိုမဖြစ်တာ အရောင်အဆင်းလဲမရှိဘဲနဲ့ ဖြူဖတ်ဖြူရော်ကြီး""နေခတ္တာ စကားရှည်မနေနဲ့ မင်းဘာဘဲ ဖြစ်ဖြစ်အဲ့တာကို ကုန်အောင်သောက်ရမယ်"
"ကိုကို ခက်မှမကြိုက်တာ မသောက်ချင်ဘူး တစ်ခြားဟာကျွေး ဒါတော့ ခက်လုံးဝမစားချင်ဘူး အဲ့တာကြီးကအန်ချင်စရာကြီး"
"ငါစကားကိုနှစ်ခါမပြောချင်ဘူး
မင်းသောက်မှာလား မသောက်ဘူးလား""လုံးဝမသောက်ဘူး သေချာတယ်ကိုကို"
"အေး မင်းမသောက်ရင်နေ ငါတုတ်သွားရှာလိုက်အုန်းမယ်"
"ကိုကိုကလည်း အကြပ်ကိုင်ပြန်ပြီ သောက်မယ် သောက်မယ် အခုသောက်မယ်"
ခက် ဆန်ပြုတ်ကိုမမြည်းရသေးဘဲနဲ့ ပွစိပွစိပြောနေတာ။
ခရာက ဆန်ပြုတ်ကိုပင်လယ်စာနဲ့သေချာပြုတ်ထားတာကို သူမသိ။
ခရာက ဆန်ပြုတ်ထဲမှာထည့်မဲ့ပုစွန်တွေကိုကော ပြည်ကြီးငါးနဲ့ရေဘဝဲကိုကော သေချာလေး သေးသေးလေးတွေလှီးထည့်ထားတာကိုသူမသိသေးဘဲ ခရာကိုပြန်အော်နေခြင်းဖြစ်သည်။
ခက် ဆန်ပြုတ်ကိုမြင်တော့
"Wow wow ဒါကဆန်ပြုတ်လား စောစောစီးစီးမပြောဘူး ဒါဆိုရင် သုံးပွဲလောက်စားနိုင်တယ်"
" မင်းဘဲမကြိုက်ဘူးဆို စားနေတာကြည့်အုန်း ဘယ်ဘဝထဲကငတ်နေမှန်းကိုမသိဘူး"
"ဒီလောက်စားကောင်းတာကို စားမှာဘဲ ကျန်သေးလားကိုကိုခက်စားချင်သေးတယ် နောက်တစ်ပွဲလောက်"
YOU ARE READING
𝐃𝐢𝐟𝐟𝐞𝐫𝐞𝐧𝐭 𝐋𝗼𝐯𝐞 𝐈𝐧 𝐓𝐡𝐞 𝐃𝐢𝐟𝐟𝐞𝐫𝐞𝐧𝐭 𝐑𝗼𝐥𝐞
General Fictionဒီ ဇာတ်လမ်းပါအကြောင်းအရာများသည် စိတ်ကူးယဉ်ဇာတ်လမ်းသက်သက်သာဖြစ်ပါသည်။ တစ်ဦးတစ်ယောက်နှင့်တူညီခဲ့ပါလျှင် တိုက်ဆိုင်မှုသာဖြစ်ပါသည်။ အားပေးဖတ်ရှုမှုအတွက် ပြောမပြတတ်အောင်ကျေးဇူးတင်ပါသည်။ Boyxboy Creation by buttercup Zawgyi Version and Unicode Version