32 uni

1K 65 7
                                    

ခက် မနက်ကတွေ့ခဲ့တဲ့ကောင်မလေးကလှလည်းလှတယ် စိတ်‌သဘောထားကလည်းကောင်းတာကြောင့် ခက်ထပ်တွေ့ချင်သည်။

အဲ့တာကြောင့်လည်း ညနေစာလိုက်ကျွေးချင်တယ်လို့အတင်းပြောတာ။

ခရာရှေ့မှာက‌လေးလိုချွဲတတ်တဲ့ ခက်လေးက မနက်ကကောင်‌မလေးရှေ့မှာတော့ တည်တည်တံ့တံ့ဖြစ်နေသည်။

ခက်က မိန်းကလေးတွေနဲ့စကားမပြောဖူးတာကြောင့် မိန်းကလေးသူငယ်ချင်းတစ်ယောက်ထားချင်သည်။

ငယ်ငယ်ထဲကခရာကဘယ်သူနဲ့မှစကားမပြောခိုင်းတာ‌ကြောင့် မိန်းကလေးသူငယ်ချင်းကလုံးဝမရှ်ိဘူး။

ယောင်္ကျားလေးသူငယ်ချင်းဆိုလို့ လရောင်ချိုတစ်ယောက်ထဲသာရှိသည်။

ခက်စောင့်နေတဲ့အချိန်လေးကိုရောက်လာပါပြီ။

လမ်းကြောင်းမသိတာကြောင့် ခက်နဲ့ လရောင်က တက်စီသမားအကူအညီဖြင့် ဆိုင်ကိုရောက်နှင့်နေကြသည်။

ဆိုင်ရောက်တော့ ခက်ကနောက်ကျနေပြီထင်နေတာ ကောင်မလေးကရောက်မလာသေးပါ။

"ခက် မင်းဟာကဟုတ်လို့လား ‌‌မင်းတော့မကြောက်ပေမဲ့ ငါကကြောက်နေတာ"

"နေပါအုန်း လရောင်ရာ ကျောင်းမဆင်းသေးလို့နေမှာပေါ့"

"အေး ပြဿနာတက်ရင်မင်းဘဲ"

"နောက်ကျသွားလို့ sorry အစ်ကို"

"ရပါတယ် ထိုင်လေ ညီမဘာစားမှန်းမသိတာကြောင့် အစ်ကိုမမှာ"

ကောင်မလေးက ရင်ဘတ်မှာထိုးထားတဲ့ ရင်ထိုးလေးကိုဖြုတ်လိုက်တော့ ခက်သိသွားပြီ ဒါခရာ့ကျောင်းဘဲဆိုတာကို။

ခရာတို့ကျောင်းက ကျောင်းတံဆိပ်ရင်ထိုးနေ့တိုင်းတပ်ရတာကြောင့် ခက် ရင်ထိုးကိုကောင်းကောင်းကြီးမှတ်မိနေသည်။

"ခက်ဘာလို့စကားကပြတ်သွားတာလဲ ဆက်ပြောလေ"

"သေပြီလရောင် ဒါကိုကိုတို့ကျောင်းဟ"

"ညီမအခန်းထဲမှာ နေအက္ခရာဆိုတာရှိလား သူလည်းမြန်မာဘဲလေ"

"ကိုခရာလား သူကညီမနဲ့အခန်းတူတူဘဲလေ စာအရမ်းတော်‌တာ"

"သေပြီ လရောင် ငါ့ကိုကယ်ပါအုန်း"

𝐃𝐢𝐟𝐟𝐞𝐫𝐞𝐧𝐭 𝐋𝗼𝐯𝐞 𝐈𝐧 𝐓𝐡𝐞 𝐃𝐢𝐟𝐟𝐞𝐫𝐞𝐧𝐭 𝐑𝗼𝐥𝐞Where stories live. Discover now