20 Zawgyi

1.2K 65 8
                                    

"vv အရမ်းမသွားနဲ့တော့ အရပ်ကပုတယ် ရေနစ်လိမ့်မယ်"

"ရေနစ်မှာသိပါတယ် ဘာဆိုင်လို့အရပ်ပုတာကပါလာတာလဲ"

"မဟုတ်လို့လား အရပ်ပုနေတာဘဲလေ"

"တွေ့မယ်"

လရောင်နဲ့ vv ရေထဲမှာဆော့နေတာကိုခက်ကငေးသာကြည့်နေရသည်။

ခက်ငေးကြည့်ရုံနဲ့တင် မကျေနပ်နိုင်တော့ပါ။

ဆင်းချင်စိတ်တွေကအရမ်းများလာတယ်။

"ကိုကို လုပ်ပါ ဒီတစ်ခါထဲပါ မကြာစေရဘူး ခဏဘဲ လုပ်ပါ"

"မရဘူး မင်းဖျားလိမ့်မယ်"

"ခက်ဖျားမှာမကြောက်ပါဘူး ဆေးလည်းချိုချိုသာသာသောက်ပါ့မယ် ခဏလေးဘဲဆင်းချင်လို့ပါ လုပ်ပါနော်"

"10 မိနစ်ဘဲရမယ် ဘာကြောင်ကြည့်နေတာလဲ သွားတော့လေ"

"ဒါကြောင့်ချစ်နေရတာ သွားပြီနော်"

"ဒါကဘယ်လဲ ပင်လယ်ကဒီဘက်မှာလေ"

"သိတယ် ဒါပေမဲ့ရေကူးဘောင်းဘီသွားဝတ်ဖို့ ရေကူးတာကရေကူးဘောင်းဘီနဲ့မှကောင်းတာ"

"နေခတ္တာ မင်းမှားများမှားနေတာလား 10 မိနစ်ဘဲရေကူးရမှာကိုဘောင်းဘီကသွားလဲအုန်းမယ် တော်ပြီမသွားနဲ့တော့ ရေထဲလဲမဆင်းနဲ့တော့"

"ကိုကိုကလည်း ခဏဘဲကိုပြန်လာခဲ့မယ် အချိန်မမှတ်နဲ့အုန်းနော် ခက်ပြန်လာမှစမှာနော် အခုမမှတ်နဲ့အုန်း ပြန်လာခဲ့မယ် ခဏဘဲစောင့်"

ခဏကြာတော့ ကိုယ်တော်ချောကပြန်လာပါတယ်။

ရေကူးဝတ်စုံအမဲရောင် ကိုယ်ကျပ်ဝတ်စုံလေးနဲ့ထွက်လာပါတယ်။

"ဒီမှာတွေ့လား ဒီရေကူးဝတ်စုံကအထဲကိုရေမဝင်ဘူး ပြီးရင် ဦးထုပ်လည်းဝတ်မှာ ခေါင်း‌လည်းရေမဆိုဘူး အဲ့တာကြောင့်ရေထဲမှာနည်းနည်းကြာကြာနေလို့ရတယ်"

"မင်းဟာနဲ့မင်းတော့ဟုတ်နေတာဘဲ လာသွားရအောင် ပင်လယ်ကြီးကငါတို့ကိုစောင့်နေပြီ"

ခရာ ခက်လက်ကိုဆွဲပြီးပင်လယ်ဘက်ကိုပြေးသွားလိုက်သည်။

"ကိုကိုခက် လာလေ ဆော့ကြရအောင်"

𝐃𝐢𝐟𝐟𝐞𝐫𝐞𝐧𝐭 𝐋𝗼𝐯𝐞 𝐈𝐧 𝐓𝐡𝐞 𝐃𝐢𝐟𝐟𝐞𝐫𝐞𝐧𝐭 𝐑𝗼𝐥𝐞Where stories live. Discover now