ခက် alarm သံကြောင့်နိုးလာခဲ့သည်။
"ငါဘယ်လိုတောင်အိပ်ပျော်သွားတာလဲ ထမှရတော့မယ် ဘာဘဲဖြစ်ဖြစ်အကုန်လုံးကို အကောင်းဆုံးဖြစ်အောင်လုပ်မယ်"
ခက် ပြင်ဆင်သင့်တာတွေပြင်ဆင်ပြီး အထုပ်ပိုးတွေကိုကားထဲထည့်လိုက်သည်။
ဒေါက် ဒေါက်
"မာမီနဲ့ဒယ်ဒီ သားအဆင်သင့်ဖြစ်နေပြီနော် ဒယ်ဒီတို့ကောပြီးပြီလား"
"ပြီးပြီသားရေ သွားရုံဘဲ"
"ဖေကြီးရေ သားကတော့သွားဖို့တာဆူနေပြီ ရှင်ပြီးရင်လည်းမြန်မြန်သွားရအောင်"
"အေးပါ မေရယ် သွားကြရအောင်"
ဒေါ်မေတင်ကခက်ကိုစိတ်မချတာကြောင့် မှာတမ်းတွေ လမ်းတစ်လျှောက်လုံးမနားတမ်းပြောနေသည်။
"မာမီ သားကလေးမဟုတ်တော့ဘူးနော် သားကိုစိတ်ချပါ"
"ငါသိပါတယ် မင်းကလေးမဟုတ်တာ ဒါပေမဲ့လည်းငါစိတ်ပူတယ် မင်းကလုပ်လိုက်ရင်တစ်လွဲကြီးဘဲ ဟိုမှာ ခရာနဲ့တွေ့ရင်လည်း ရိုရိုသေသေဆက်ဆံနော်"
"သူ့အကြောင်းကပါလာပြန်ပြီ"
"ငါမေ့နေတာ နန်းတို့လင်မယားလည်း ဘန်ကောက်ရောက်နေတယ် ခက် မင်းရဲ့မေနန်းကိုဖုန်းဆက်လိုက်အုန်း ငါလည်း သူတို့ကိုပြောဖို့မေ့နေတာ"
" Ok မာမီ သားဆက်လိုက်ပါ့မယ်"
"သား လရောင်ကိုဖုန်းဆက်လိုက်အုန်းလေ ဒယ်ဒီတို့လေဆိပ်နားရောက်နေပြီလို့"
"ဟုတ်ကဲ့ ဒယ်ဒီ"
"ဟယ်လို လရောင် ငါရောက်တော့မယ် မင်းကောရောက်နေပြီလား"
"အေး ငါတို့လည်းရောက်နေပြီ မင်းကိုစောင့်နေကြတာ"
"ငါလာတော့မယ် ခဏလေးဘဲ အားနာလိုက်တာ ငါအခုဝင်လာပြီ"
"ရတယ် ငါတို့လည်းရောက်တာမကြာသေးဘူး"
"ဒယ်ဒီ လရောင်တို့ကရောက်နေပြီတဲ့ အားနာလိုက်တာ အကြာကြီးစောင့်နေရလားမသိပါဘူး"
"သားရယ် ဖြေးဖြေးလုပ်ပါ ဘာတွေလောနေတာလဲ"
"မလောပါဘူး မာမီကလည်း ဒါပုံမှန်ပါဘဲ"
YOU ARE READING
𝐃𝐢𝐟𝐟𝐞𝐫𝐞𝐧𝐭 𝐋𝗼𝐯𝐞 𝐈𝐧 𝐓𝐡𝐞 𝐃𝐢𝐟𝐟𝐞𝐫𝐞𝐧𝐭 𝐑𝗼𝐥𝐞
General Fictionဒီ ဇာတ်လမ်းပါအကြောင်းအရာများသည် စိတ်ကူးယဉ်ဇာတ်လမ်းသက်သက်သာဖြစ်ပါသည်။ တစ်ဦးတစ်ယောက်နှင့်တူညီခဲ့ပါလျှင် တိုက်ဆိုင်မှုသာဖြစ်ပါသည်။ အားပေးဖတ်ရှုမှုအတွက် ပြောမပြတတ်အောင်ကျေးဇူးတင်ပါသည်။ Boyxboy Creation by buttercup Zawgyi Version and Unicode Version