30 uni

1.1K 79 4
                                    

ညကအသားမထိနဲ့သာပြောတာ အခုခက်ကခရာ့ရင်ခွင်ထဲမှာနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတာပါ။

ခက်ကမသက်သာသေးတာကြောင့် ကျောင်းမသွားစေဘဲ အိမ်မှာဘဲအနားယူခိုင်းထားသည်။

ခရာကတော့ကျောင်းသွားတပေါ့။

ခက်နိုးတော့ခရာကရှိမနေတော့ဘူး။

အရင်ကဆိုရင် ခရာကစာလေးတစ်စောင်ထားပေးခဲ့ပေမဲ့အခုဘာမှရှိမနေတာကြောင့်စိတ်မကောင်းဖြစ်သွားသည်။

"ကိုကိုတစ်ဂယ် စိတ်ကောက်နေတာဘဲ"

ခက် တော်တော်လေးသက်သာနေသည်။

မနေ့ကဟာကိုပြန်တွေးမိပြီး ဟန်လေးအိမ်မသွားရဲဘူး။

ရှက်တာကြောင့် ခရာ့အိမ်မှာဘဲတစ်နေ့လုံးနေမယ်လို့ဆုံးဖြတ်လိုက်သည်။

ခက်ဗိုက်ဆာတာကြောင့် မီးဖိုချောင်ထဲမှာလန်လောပြီးရှာနေတာ ဘာမှမရှိဘူးဖြစ်နေသည်။

"ဘယ်လိုလုပ်မလဲ စားစရာလဲတစ်ခုမှမရှိဘူး ကိုဟန်လေးဆီလည်းမသွားချင်ဘူး သိပြီဆိုင်ကမှာစားရမယ် ဟိုတစ်ခါ ကိုဟန်လေးဆိုင်ဖုန်းနံပါတ်ပေးထားတယ်"

ခက်ဖုန်းမဆက်ခင်ဘဲ bell တီးသံ‌ကြားလိုက်ရတာကြောင့်

"ဘယ်သူလဲမသိဘူး ကိုဟန်လေးဆိုဘယ်လိုလုပ်မလဲ မဖွင့်ပေးလို့လည်းမရဘူး ဖွင့်ပေးမှရမှာ"

ခက် တံခါးဖွင့်ပေးလိုက်တော့ ကို wee wee ဖြစ်နေသည်။

"ခက်နိုးနေလည်းလာလေ မနက်စာမစားရသေးဘူးမှတ်လား ဟန်လေးကချက်ထားတယ် လာစားတော့"

"ကို wee wee ကျတော်မလိုက်ချင်ဘူး အိမ်မှာဘဲနားတော့မယ် မုန့်ကမှာစားလိုက်မယ်လေ"

"ခက်ကရှက်နေတာလား ဒါကရှက်စရာမဟုတ်ပါဘူး ဒါကပုံမှန်လိုဖြစ်နေတာ ရှက်စရာမလိုသလို ဘယ်သူမှလည်း ဘာမှမပြောပါဘူး လိုက်ခဲ့ပါ ဟန်လေးစောင့်နေတယ်"

"ဟုတ် ကိုwee wee"

ခက်ကိုမြင်တော့ဟန်လေးက

"ခက်သက်သာနေပြီလား ‌မနေ့ကဆိုရင် ခရာကအရမ်းစိုးရိမ်နေတာနော်"

𝐃𝐢𝐟𝐟𝐞𝐫𝐞𝐧𝐭 𝐋𝗼𝐯𝐞 𝐈𝐧 𝐓𝐡𝐞 𝐃𝐢𝐟𝐟𝐞𝐫𝐞𝐧𝐭 𝐑𝗼𝐥𝐞Where stories live. Discover now