27 uni

858 61 6
                                    

ဒီနေ့က‌တော့ ခက်နဲ့ခရာရဲ့ပထမဆုံး date လုပ်မဲ့နေ့လေးပေါ့။

ခရာက‌တော့ သူ့အချိန်တိုင်းစောစောထပြီးကျောင်းသွားပြီ။

ခက်ကလည်း နိုးစက်အကူဖြင့်စောစောနိုးနေသည်။

လရောင်မလာခင်ဘဲ ဟန်လေးအိမ်အရင်သွားလိုက်သည်။

"ခက် လာ‌တော့ ခရာကမနက်ကအကုန်ပြောသွားတယ် ညနေကျရင်  date မယ်ဆို"

"ဟုတ်ကဲ့ ကိုကိုကပြောတယ် date မယ်တဲ့ ခက်‌တော့ပျော်လိုက်တာ ဒါပထမဆုံးလူတွေရှေ့မှာအတွဲအနေနဲ့ချိန်းတွေ့မှာ"

"ခက်လာခဲ့ အစ်ကိုပြောစရာရှိတယ်"

ဟန်လေးက ခက်ကိုအခန်းထဲခေါ်သွားလိုက်သည်။

Vv နဲ့ လရောင်ကမနက်စာသာဆက်စားနေကြသည်။

"အစ်ကိုတို့လည်း မယူခင်က date ကြတယ်လေ date တိုင်း အစ်ကိုကအမြဲဆောင်ထားတယ် အဲတာခက်လည်း ဟိုဟာဆောင်ထားနော် အဲ့တာကဆောင်ရတယ် ခက်ရဲ့ ဒါကလည်း ခက်အတွက်ပထမဆုံးအကြိမ်မှတ်လား"

ဟန်လေးပြောတာတွေကိုခက်နားမလည်တဲ့ပုံစံဖြစ်နေတယ်။

"ခက်ရယ် ရှက်မနေပါနဲ့ ဒါကပုံမှန်ပါ ရှက်စရာမလိုဘူး ပထမဆုံးအကြိမ်ဆိုရင် ခက်ပြောရမှာက ညင်သာဖို့ဘဲပြောရမှာ"

"ကိုဟန်လေး"

ခက်ထအော်လိုက်တာကြောင့် ဟန်လေးတောင်လန့်သွားသည်။

"ခက်ရယ် လန့်လိုက်တာ ဘာဖြစ်လို့လဲ"

ခက် ဟန်လေးပြောတဲ့အဓိပ္ပာယ်တွေသိမှမျက်နှာတောင်နီရဲသွားသည်။

"ကိုဟန်လေး ကျွန်‌တော်တို့ကအဲ့လိုမဟုတ်ဘူး ဒီလိုဘဲချိန်းတွေ့တာ"

"ခက်ရယ် ရှက်မနေနဲ့ အစ်ကိုမှာတာသာမမေ့နဲ့ဆောင်သွားနော်"

"ဟုတ် ကိုဟန်လေး"

ခက်လည်း ယောင်ပြီးပြန်ဖြေမိတာကြောင့် ရှက်ပြီးထွက်သွားသည်။

မနက်စာစားနေတဲ့လရောင်ကခက်ထွက်သွားတာမြင်တော့ပြေးလိုက်သွားသည်။

"ခက် ခက် မနက်စာစားအုန်းလေ"

ဟန်လေးထွက်လာတော့

𝐃𝐢𝐟𝐟𝐞𝐫𝐞𝐧𝐭 𝐋𝗼𝐯𝐞 𝐈𝐧 𝐓𝐡𝐞 𝐃𝐢𝐟𝐟𝐞𝐫𝐞𝐧𝐭 𝐑𝗼𝐥𝐞Where stories live. Discover now