Wee wee ဆေးရုံမသွားခင် ခက်ဆီအရင်ဝင်လာခဲ့လိုက်သည်။
"ခက် ဘယ်လိုနေသေးလဲ အဖျားကျသွားပြီလား"
"အဖျားကတော့ကျပြီ ဒါပေမဲ့ သူနားမှရမယ်"
"နားခိုင်းလိုက်ပါ အစ်ကိုကြည့်ရုံဘဲ သက်သာလားဆိုတာ"
"ရတယ် အစ်ကို ဒီကိုလာပေးတာဘဲကျေးဇူးတင်ပါတယ်"
"နောက်ဆိုကျေးဇူးတင်ဖို့မလိုဘူး အစ်ကိုတို့ကကူညီရမှာတာဝန်ဘဲ"
"ဟုတ် ဟုတ်"
Wee wee လည်း ခက်ကိုအနည်းငယ်စမ်းသပ်ပေး ဆေးပေးပြီး ဆေးရုံသွားလိုက်သည်။
ခရာလည်း ခက်ကိုမနိုးတော့ဘဲ စာလေးတစ်စောင်ရေးပေးထားခဲ့သည်။
လက်မှာထိုးထားတဲ့ဆေးထိုးအပ်ကြောင့်
ခက် နိုးနိုးချင်း နာကျင်မှုတစ်ခုခံစားလိုက်ရသည်။ခက်ဘေးနားကိုကြည့်လိုက်တော့ဘယ်သူမှရှိမနေဘူး။
စာလေးတစ်စောင်ကိုသာတွေ့လိုက်ရသည်။
"ခက်နားနေနော် ဆေးကိုမဖြုတ်လိုက်နဲ့နော် တွန်းပြီးသွား ပြီးတော့အိမ်မှာမနေနဲ့တော့ ကို ဟန်လေးအိမ်မှာသွားနေ ကိုယ်ပြန်လာမှလာခေါ်မယ် မြန်မြန်ပြန်လာခဲ့မယ် အရမ်းချစ်တယ် လွမ်းနေမယ်"
"ချစ်လိုက်တာ မွမွ"
ခက်ပြောပြီးစာကို နမ်းလိုက်သည်။
ခက် ခရာပြောတဲ့အတိုင်း ဆေးချိတ်ထားတာလေးကိုကိုင်ပြီး ဟန်မင်းမြတ်ဆီသွားလိုက်သည်။
"ခက် လာလာ ဘာမှမစားရသေးဘူးမှတ်လာ ဒီမှာအရင်လာထိုင်လိုက်"
"ဖြေးဖြေး ကိုဟန်လေး ရတယ် ခက်ကမျက်နှာတောင်မသစ်ရသေးဘူး"
"အဲ့လိုလား လာမျက်နှာအရင်သွားသစ်ရအောင် ပြီးမှ ဆန်ပြုတ်ကျွေးမယ်နော်"
"ရတယ် အစ်ကို ခက်တစ်ယောက်ထဲလုပ်နိုင်ပါတယ် ခက်ဘဲသွားလိုက်မယ် အစ်ကိုကဒီမှာစောင့်နေ ပြီးရင်လာခဲ့မယ်"
"အဲ့တာဆိုလည်း မြန်မြန်လာခဲ့နော်"
"ဟုတ် ကိုဟန်လေး"
YOU ARE READING
𝐃𝐢𝐟𝐟𝐞𝐫𝐞𝐧𝐭 𝐋𝗼𝐯𝐞 𝐈𝐧 𝐓𝐡𝐞 𝐃𝐢𝐟𝐟𝐞𝐫𝐞𝐧𝐭 𝐑𝗼𝐥𝐞
General Fictionဒီ ဇာတ်လမ်းပါအကြောင်းအရာများသည် စိတ်ကူးယဉ်ဇာတ်လမ်းသက်သက်သာဖြစ်ပါသည်။ တစ်ဦးတစ်ယောက်နှင့်တူညီခဲ့ပါလျှင် တိုက်ဆိုင်မှုသာဖြစ်ပါသည်။ အားပေးဖတ်ရှုမှုအတွက် ပြောမပြတတ်အောင်ကျေးဇူးတင်ပါသည်။ Boyxboy Creation by buttercup Zawgyi Version and Unicode Version