"ကိုကို ခက်ချမ်းတယ် ဖက်ထားပေးပါအုန်း"
"ခက် သက်သာလားသတိရနေပြီလား"
"ကိုကို ကိုကို"
"ခက် ငါရှိတယ် မင်းဘာလိုချင်လို့လဲ"
"ကိုကို ခက် အရမ်းချမ်းနေတယ် ခက်ကိုဖက်ထားပေးပါလား"
ခက်က ခရာ့ကိုဘဲတမ်းတနေတာကြောင့် လရောင်စိတ်မကောင်းတော်တော်လေးဖြစ်သွားသည်။
"ငါထင်ခဲ့တာမှားနေပြီဘဲ ခက်ကငါ့ဆီမှာ မပျော်ခဲ့ဖူးဘဲ ငါအခု ခဏအစားထိုးဝင်ပေးမယ် ခဏလေးပါဘဲ မင်း စိတ်မဆိုးဘူးလို့ငါမျှော်လင့်ပါတယ်"
ခက်ကအရမ်းချမ်းနေတာကြောင့် လရောင်က ခက် အချမ်းပြေစေရန်ကိုယ်အနွေးဓာတ်လေးပေးလိုက်သည်။
"ကိုကို ခက်ကိုတင်းတင်းဖက်ထားပေးပါ ခက် အရမ်းချမ်းနေလို့"
အချိန်ကြာလာတဲ့အမျှ ခက် လရောင်ကိုတင်းတင်းကြပ်ကြပ်ပိုဖက်ထားမိသည်။
လရောင်ကခက်စိတ်အနှောင့်အယှက်ဖြစ်သွားမှာကိုမလိုလားလို့ ဒီတိုင်းငြိမ်ငြိမ်လေးနေပြီး အလိုက်အထိုက်ဆက်ဆံပေးနေလိုက်သည်။
ထိုအချိန်တွင် ခက်ရဲ့ဖုန်းလေးကအသံလေးထွက်ပေါ်လာခဲ့သည်။
လရောင်လည်း ခက်နိုးသွားမှာကြောက်လို့ သာသာလေးထပြီး ဖုန်းကိုပြေးကိုင်လိုက်သည်။
"ဟယ်လို"
"ခက်နဲ့ဘဲပြောချင်တာ မဆိုင်တဲ့သူဝင်မပါနဲ့"
"ခက် နေမကောင်းဖြစ်နေတယ် အဲ့တာကြောင့်ကျွန်တော်ဂရုစိုက်ပေးနေတယ်"
"ဘာကြောင့်နေမကောင်းဖြစ်တာလဲ မင်းတို့သူ့ကိုသေချာဂရုမစိုက်ဘူးလား"
"ကျွန်တော်တို့ပေါ့ဆသွားတဲ့အတွက်တောင်းပန်ပါတယ် ဒီလောက်ထိဖြစ်မယ်လို့မထင်လို့ပါ"
"ရတယ် မလိုဘူး ငါမရရအောင်ပြန်လာခဲ့မယ် ခက်ကိုအခုတော့မင်းဂရုစိုက်ထားပေးအုန်း"
ခရာဖုန်းကိုအရင်ချလိုက်ပြီးတော့
"မာမီ သား မြန်မာပြည်ကိုအရေးတကြီးပြန်စရာရှိလို့ သားသွားလိုက်အုန်းမယ်"
YOU ARE READING
𝐃𝐢𝐟𝐟𝐞𝐫𝐞𝐧𝐭 𝐋𝗼𝐯𝐞 𝐈𝐧 𝐓𝐡𝐞 𝐃𝐢𝐟𝐟𝐞𝐫𝐞𝐧𝐭 𝐑𝗼𝐥𝐞
General Fictionဒီ ဇာတ်လမ်းပါအကြောင်းအရာများသည် စိတ်ကူးယဉ်ဇာတ်လမ်းသက်သက်သာဖြစ်ပါသည်။ တစ်ဦးတစ်ယောက်နှင့်တူညီခဲ့ပါလျှင် တိုက်ဆိုင်မှုသာဖြစ်ပါသည်။ အားပေးဖတ်ရှုမှုအတွက် ပြောမပြတတ်အောင်ကျေးဇူးတင်ပါသည်။ Boyxboy Creation by buttercup Zawgyi Version and Unicode Version