40 uni

1.8K 91 18
                                    

ခက်တစ်ယောက် ဘာမှပြန်‌မပြောရဲဘူး ကြောက်နေတာတော့အမှန်ပါ။

ဟိုတစ်ခေါက်ကအရိုက်ခံရတာကိုတွေးမိပြီးကြောက်စိတ်တွေတစ်ဖွားဖွားပေါ်လာတာကြောင့် ကြက်သီးတွေတောင်ထနေသည်။

လက်တစ်ဖက်ကိုလုံးဝမလွှတ်ဘဲ အကြမ်းပတမ်းကိုင်ထားတာကြောင့်နာတောင်နာ‌နေသည်။

အခန်းထဲရောက်တော့ ကုတင်ပေါ်ကိုဆောင့်တွန်းခံလိုက်ရတာကြောင့် ချက်ချင်းကုတင်ပေါ်ကနေဆင်းပြီး ကြမ်းပြင်ပေါ်မှာဒူးထောက်လျက်လေးထိုင်နေပြီးတောင်းပန်နေရှာသည်။

"ကိုကို ခက် တောင်းပန်ပါတယ်နော် အစကအမှန်တိုင်းပြောမလို့ပါဘဲ နေ့ခင်းကြတော့ ကိုကိုကဖုန်းဆက်တယ်လေကိုကိုနောက်ကျမယ်လို့ပြောတယ်လေ အဲ့တာကြောင့်အတော်ဘဲဖြစ်သွားတယ်လေ ကိုကိုသာအဲ့ဆိုင်မှာရှိနေရင် ခက်ဘာလို့လာရမှာလဲ မလာပါဘူး အခုကမသိလို့သွားမိတာပါ"

"မင်းမမှားဘူးပေါ့ အဲ့တာဆို ငါဘဲအကုန်မှားတာပေါ့"

"အဲ့လိုတော့ဟုတ်ဘူးလေ ခက်လည်း မှားတာပါတယ်‌လေ အကြီးဆုံးအမှားကလိမ်ပြောမိတာလေ ခက်မှားမှန်းသိပါတယ် အဲ့တာကြောင့် ကိုကိုကြိုက်တဲ့အပြစ်ပေးပါ"

"အိမ်ပေါ်ကဆင်းတော့ အခုချက်ချင်းဆင်း"

အိမ်ပေါ်ကဆင်းဆိုတဲ့အသံကြားတော့ ချက်ချင်းအနားကိုသွားပြီး ခြေထောက်ကိုဖက်ထားလိုက်ပြီးတော့

"ကိုကိုခက်ကိုအိမ်ပေါ်ကနှင်မချပါနဲ့နော် ခက် ကိုကိုနဲ့ခွဲပြီး မနေချင်လို့ပါ တောင်းပန်ပါတယ်နော် တစ်ဂယ်ကိုတောင်းပန်ပါတယ်နော် အိမ်ပေါ်ကနေတော့ မဆင်းချင်ဘူး ကြိုက်တဲ့အပြစ်ပေးပါ ခြေထောက်ကိုချိုးချင်လည်းချိုးလိုက်ပါ"

"ဟုတ်သားဘဲ ခြေထောက်ကိုရိုက်ချိုးလိုက်ရင် ဘယ်မှမသွားနိုင်တော့ဘူး အိမ်မှာဘဲခြေငြိမ်တော့မှာသေချာတယ် မင်းအကြံမဆိုးဘူး နေခတ္တာ ဒီတစ်ခေါက်တော့ ငါမတွေးနိုင်တာကိုမင်းတွေးတတ်သွားပြီ ခြေထောက်ချိုးဖို့ဆိုရင် သံတုတ်ကောင်းကောင်းလိုမှာပေါ့"

"ကိုကို ခက်စကားမှားသွားတာ တောင်းပန်ပါတယ် ခြေထောက်တော့မချိုးပါနဲ့နော် ခက် ဒုက္ခိတဘဝနဲ့မနေချင်ဘူး ပြီးရင် wheelchair ကြီးနဲ့နေရမှာ ပြီးတော့ ခက်ကအသက်ငယ်ငယ်လေးဘဲရှိသေးတာ မလုပ်ပါနဲ့နော် ခြေထောက်ကိုချိုးရင်နာမှာသေချာတယ် ခက်ရဲ့ခြေထောက်လေးကိုသနားပါနော် မလုပ်ပါနဲ့နော်"

𝐃𝐢𝐟𝐟𝐞𝐫𝐞𝐧𝐭 𝐋𝗼𝐯𝐞 𝐈𝐧 𝐓𝐡𝐞 𝐃𝐢𝐟𝐟𝐞𝐫𝐞𝐧𝐭 𝐑𝗼𝐥𝐞Where stories live. Discover now