Wee Wee ဘယ်သူနိုးလာမလဲ နိုးလာမလဲနဲ့စောင့်နေတာ တစ်ယောက်မှမနိုးလာတာကြောင့်သူပါအိပ်ပျော်သွားသည်။
"Wee Wee ယားတယ် မလုပ်နဲ့ မဆိုးနဲ့ကွာ အိပ်ချင်သေးတယ်"
"Wee Wee နော် မလုပ်ပါနဲ့ဆိုတာကို"
"What the fuck? Wee Wee လဲမဟုတ်ပါလား နေပါအုန်း ဒီလူကိုမြင်ဖူးပါတယ်"
ခက် ခရာထင်ပြီးရင်ခွင်ထဲကိုအတင်းတိုးဝင်နေတာကြောင့်ဟန်မင်းမြတ်နိုးလာခြင်းဖြစ်သည်။
"အား"
ဟန်မင်းမြတ်လည်း wee wee မဟုတ်တာကြောင့်လန့်သွားပြီးအသံဗြဲနဲ့အော်မိလိုက်တာကြောင့်အကုန်လုံးနိုးလာခဲ့ကြသည်။
"ဟန်လေး ဘာဖြစ်တာလဲ"
"ဖီဖီကလည်းကွာအလန့်တကြားဘာဖြစ်တာလဲ ဒီမှာအိပ်လို့ကောင်းနေတာကို"
"ဘာမှမဟုတ်ဘူး ဆက်အိပ်ကြ"
ခက်လည်းကြောင်တောင်တောင်ဖြစ်သွားသည်။
အိပ်ချင်နေတာကြောင့်ဘာမှမတွေးဘဲဆက်အိပ်နေလိုက်သည်။
Vv ကို sofa ပေါ်မှာသိပ်ထားပေမဲ့မနက်ကျတော့လရောင် ရင်ခွင်ထဲရောက်နေသည်။
"ကိုကိုလရောင် ဆက်အိပ်ရအောင်အစောကြီးရှိသေးတယ် Vv ကိုဖက်ထားအေးလိုက်တာ"
ဟန်လေးညကစောင်ခြုံပေးထားတဲ့ထိအကုန်လုံးသူ့နေရာမှာသူပါ အခုကဘယ်လိုဖြစ်တာလဲမသိဘူး။
Vv ကလရောင်ကြားထဲမှာ ဟန်လေးကလည်း ခက်နားရောက်နေတယ် ဘယ်လိုတောင်အိပ်ဆော့ကြလဲမသိပါဘူး။
ဟန်လေးလည်းရှက်ရှက်နဲ့ဟိုဘက်အိမ်ကိုပြေးသွားလိုက်မိတယ်။
Wee Wee ကလည်းဘာဖြစ်မှန်းမသိတာကြောင့်ပြေးလိုက်သွားလိုက်သည်။
"ဟန်လေး ဘာဖြစ်တာလဲ "
"ဘာမှမဟုတ်ဘူး ဒီတိုင်းအိပ်ယာကနိုးနိုးချင်းတွေ့ချင်တဲ့မျက်နှာမဟုတ်ဘဲနဲ့ တစ်ခြားမျက်နှာတွေ့လိုက်ရတာကြောင့်လန့်သွားတာ"
"ဟန်လေးနော်အိပ်ဆော့တာကလဲ တစ်ခြားသူရင်ခွင်ထဲတောင်ရောက်တယ်"
YOU ARE READING
𝐃𝐢𝐟𝐟𝐞𝐫𝐞𝐧𝐭 𝐋𝗼𝐯𝐞 𝐈𝐧 𝐓𝐡𝐞 𝐃𝐢𝐟𝐟𝐞𝐫𝐞𝐧𝐭 𝐑𝗼𝐥𝐞
General Fictionဒီ ဇာတ်လမ်းပါအကြောင်းအရာများသည် စိတ်ကူးယဉ်ဇာတ်လမ်းသက်သက်သာဖြစ်ပါသည်။ တစ်ဦးတစ်ယောက်နှင့်တူညီခဲ့ပါလျှင် တိုက်ဆိုင်မှုသာဖြစ်ပါသည်။ အားပေးဖတ်ရှုမှုအတွက် ပြောမပြတတ်အောင်ကျေးဇူးတင်ပါသည်။ Boyxboy Creation by buttercup Zawgyi Version and Unicode Version