35 uni

811 58 5
                                    

ဟန်လေး ပန်းချီကားလေးကိုကြည့်နေရင်း တော်တော်လေးကိုကျေနပ်နေသည်။

Wee wee ကိုအရမ်းပြ‌ချင်နေပြီ။

"ဖုန်းခေါ်လို့ရလား"

မအားမှာကြောင့် message လေးတစ်စောင်သာပို့ထားရသည်။

"ညနေစောစောပြန်လာခဲ့မယ် အခုတော့မအားသေးဘူး 6နာရီလောက်ရောက်မယ်ထင်တယ်"

"အင်း စောစောပြန်လာခဲ့ပြောစရာတွေအများကြီးရှိတယ်"

ဟန်လေး ဓာတ်ပုံကိုဘယ်နားချိတ်ရမလဲဆိုတာတွေးနေသည်။

"ဒီနေရာကောင်းမယ်ထင်တယ် လူတွေဝင်လာပြီဆိုတာနဲ့ ဒီပုံကိုပထမဆုံးမြင်ရမှာ ကောင်းတယ် ဒီမှာဘဲ ထားလိုက်မယ် တူနဲ့သံသွားရှာရမယ်"

ဓာတ်ပုံချိတ်ဖို့တူနဲ့သံကိုယူလာပြီးတော့

အုတ်ရိုက်သံကိုကိုင်ပြီး ပထမဆုံးတစ်ချက်အရင်ရိုက်မယ်ပြင်လိုက်သည်။

"ဒုတ်  အား နာလိုက်တာ"

ဟန်လေးအော်တာကြောင့် လရောင်နဲ့ vv အပြေးထွက်လာခဲ့သည်။

"ဖီဖီ ဘာဖြစ်လို့လဲ"

"ကိုဟန်လေး အဆင်ပြေရဲ့လား"

"ဖီဖီကလည်း နာတယ်ဘဲအော်မနေနဲ့လေ ပြောပြအုန်း‌လေ"

ဟန်လေးရိုက်လိုက်တဲ့တူက သံကိုမထိဘဲ လက်ကိုသွားရိုက်မိတာပါ။

"ဖီဖီကလည်းနော် ဒီလောက်သံ‌ကြီးကြီးကိုမမြင်ရအောင် ဘယ်တွေကြည့်နေတာလဲ"

"ငါက slinder စောင်းနေတာလေ မြင်မှမမြင်ရတာ ပြီးတော့ အဝေးမှုန်လေ ငါမှမမြင်ရတာ"

"အဲ့တာဆို မျက်မှန်တပ်ပြီးရိုက်ပါလား အခုတော့ ထိပြီပေါ့"

ဟန်လေးက မျက်မှန်တပ်ရပေမဲ့အချိန်တိုင်းမတပ်ဘူး လိုအပ်မှသာတပ်လေ့ရှိတာကြောင့်မျက်မှန်ကဘယ်နားမှာမှန်းတောင်မသိရဘူး။

အမှန်က မျက်လုံးကြောင့်မဟုတ်ပါဘူး သူ့ဘာသာရိုက်တာအသုံးမကျတာပါ။

အမှန်ကသံကိုကျော်ပြီး လက်ကိုရိုက်မိသွားတာ အဲ့တာကိုမပြောချင်တာကြောင့် မျက်လုံးကိုအကြောင်းပြလိုက်တာပါ။

𝐃𝐢𝐟𝐟𝐞𝐫𝐞𝐧𝐭 𝐋𝗼𝐯𝐞 𝐈𝐧 𝐓𝐡𝐞 𝐃𝐢𝐟𝐟𝐞𝐫𝐞𝐧𝐭 𝐑𝗼𝐥𝐞Where stories live. Discover now