2 uni

3.5K 157 3
                                    


ခက်အခန်းထဲကို ဝင်လာပြီး တံခါးလေးကို အသာလေးပိတ်လိုက်တယ်။

"လာခဲ့ ဒီနားကို"

ခက် ခရာ့နားကို ဖြေးဖြေးချင်းလျှောက်သွားသည်။

ခရာကစိတ်မရှည်ဘဲ ခက်ကိုလှမ်းဆွဲလိုက်သည်။

"လှဲခိုင်းလိုက်ပြီး ဘောင်းဘီ ချွတ်ရန်ပြောတော့"

ခက်အနည်းငယ်ရှက်သွားသည်။

" မချွတ်ဘူး ကိုကို "

ခက်တစ်ယောက်လှဲနေရာက ဝရုန်းသုန်းကား မတ်တပ်ရပ်လိုက်သည်။

"ဘာလဲ မင်းကရှက်တာလား ငယ်ငယ်တုန်းကတော့ရပြီး အခုကြတော့မရဘူးပေါ့ ဟဟ ရယ်ရတယ် နေ ခတ္တာရယ် မင်းမနေ့ကနေမကောင်းတော့ ဘယ်သူအဝတ်စားလဲပေးထားတာလဲ"

ခက်ကတော့ရှက်နေပြီး မျက်နှာတစ်ခုလုံးနီရဲနေသည်။

ခရာကတွေ့သော်လည်းစချင်နေမိသည်။

"ဘာလဲမင်းက အခြောက်လား
ရှက်စရာမရှိရှက်နေတယ် ငါမင်းခန္ဓာကိုယ်အားလုံးတွေ့ဖူးပြီးသား
Straight တွေဆိုမရှက်ဘူးဟ
Gay တွေမှရှက်တာ"

" ဘာမှမခြောက်ဘူး ခက်က straight"

" ဟုတ်ပါပြီ Straight ပေမို့ဘဲ
ရှက်နေတာ မျက်နာကြီးကပေါက်ကွဲတော့မယ် "

"လာ စကားမရှည်နဲ့တော့ဆေးထည့်ပေးမယ်"

ခက် ဘောင်းဘီကိုမချွတ်ချင်ချွတ်ချင်နဲ့မျက်လုံးကိုစုံမှိတ်ပြီးချွတ်လိုက်သည်။

ခရာကိုလုံးဝမကြည့်ဘဲနောက်ကျောပေးထားသည်။

အချက်နှစ်ဆယ်ကျော်တောင် အရိုက်ခံထားရတော့ ဆေးလိမ်းတာညင်သာသော်လည်း စပ်ဖျင်းဖျင်းဖြစ်နေသည်။

"ကိုကို ဖြေး‌ဖြေးလုပ် နာတယ်"

"မင်းကဆိုးတာကို နောက်ကိုလိမ္မာအောင်နေ မဆိုးနဲ့တော့"

"ဟုတ် ကိုကို"

ဆေးလိမ်းပြီးနောက် ခက်ကို ဒီနေ့သင်ထားတဲ့စာတွေကိုရှင်းပြနေတုန်းခက်ကလရောင်အကြောင်းမေးလိုက်တော့ ခရာမျက်နှာမဲ့သွားသည်။

"လရောင်ကော ခက်ကိုမမေးဘူးလား သူဒီနေ့ ခက်ကိုစောင့်နေမှာ"

𝐃𝐢𝐟𝐟𝐞𝐫𝐞𝐧𝐭 𝐋𝗼𝐯𝐞 𝐈𝐧 𝐓𝐡𝐞 𝐃𝐢𝐟𝐟𝐞𝐫𝐞𝐧𝐭 𝐑𝗼𝐥𝐞Where stories live. Discover now