My Life and My Hero(part-1)

1.1K 81 3
                                    

Zawgyi

စိတ်စကား‌ပြောတွေများပေမယ့် သေသေချာချာဖတ်မှ ဇာတ်ကောင်နှစ်ခုရဲ့ ခံစားချက်ကိုမြင်နိုင်မှာပါနော်

My life and My hero (part-1)

လပြည့်

ကျွန်တော်ငယ်ငယ်လေးကတည်းကGay ဆိုပြီးအနှိမ်ခံခဲ့ရတာတွေက အခုကျွန်‌တော်အသက် ၁၈ အချိန်အထိ ပျောက်ကွယ်မသွားသေးပါဘူး ဒါပေမယ့်လည်းလူဖြစ်လာတာက စိတ်ဓာတ်ကျဖို့မှ မဟုတ်ဘဲ

ကျွန်တော် အမေနဲ့အဖေ ကွဲကွာပြီးတဲ့အချိန်ကစပြီး ကျွန်တော်တို့ တောင်ဥက္ကလာဘက်က အိမ်လေးတစ်လုံးမှာငှားနေကြတယ်

အမေကအဲ့ဒီ အိမ်လေးမှာ အထည်တွေချုပ် ပိုက်ဆံရှာပြီး ကျွန်တော့်ကိုကျောင်းထားပေးတယ်။ ကဲကောင်းစွာနဲ့ပဲ ကျွန်တော်ဆယ်တန်းအောင်ခဲ့တယ်
အခုဆိုအိမ်လခတွေကဈေးတက်နေပြီလေ အဲ့တော့ကျွန်တော် အလုပ်လုပ်ရတော့မယ်

အဲ့ဒါနဲ့ကျွန်တော်အလုပ်တွေလျောက်ခဲ့တယ် အဆင်မ‌ပြေဘူး ဘာလို့ဆို English Speaking မရသေးလို့တဲ့
ကျွန်တော့်မှာ ကျွန်တော့်အပေါ်အရမ်းကောင်းတဲ့ဆရာမတစ်ဦးရှိတယ် သူမနာမည်က ‌'ဒေါ်စိမ်းမြ' တဲ့

ဆရာမကလေကျွန်တော့်ကို english စာသင်ပေးမယ်တဲ့ ကျွန်တော်အရမ်းပျော်တာပဲ အဲ့ဒါနဲ့နောက်တော့ ကျွန်တော်ဆရာမကျေးဇူး‌ကြောင့် တတ်‌မြောက်ခဲ့တယ် တော်ဆရာမနဲ့တိုင်ပင်ကြည့်တယ်ဘယ်အလုပ်ဝင်ရင်ကောင်းမလဲလို့ပေါ့

"ဆရာမ သားenglish စကား ‌ပြောတတ်ပီ ဒါပေမယ့် သားဘယ်အလုပ်ဝင်ရင်ကောင်းမလဲဟင်"

" အင်း ဟုတ်သားပဲ ဒါနဲ့ ဆရာမအသိတစ်ယောက် ကုမ္ပဏ်ီ ရှိတယ် သူ့ကို‌ပြောပေးမယ် သားအလုပ်ဝင်ရအောင်လို့"

"တကယ်လား ဆရာမ "

" အင်းပေါ့ မနက်ဖြန်သွားမယ် ဘာလို့ဆို ဆရာမနဲ့ မိတ်ဆွေအရင်းကြီးမို့လို့"

"ဟုတ် ဆရာမ ဒါဆို သားမနက်ဖြန် ဘယ်အချိန်လာရမလဲ"

"ဆရာမဆီကို မနက်၇နာရီခွဲ ရောက်အောင်လာခဲ့ ဟုတ်ပြီလား "

"ဟုတ်ဆရာမ ဒါဆိုသားပြန်တော့မယ် အမေစောင့်နေလောက်ပြီ"

"အေး အေး သားလေး ကောင်းကောင်းသွားအုံး"

My Life and My HeroWhere stories live. Discover now