My Life and My Hero (part-16)
~ ကိုယ်တို့ကတိမ်တွေမဟုတ်ဘူး လေပြင်းတစ်ချက်ကြောင့် ကိုယ်တို့တွေကွဲကွာသွားမှာကို မလိုလားဘူး အဲ့ဒါကြောင့် လာမယ့် မုန်တိုင်းတွေကို ခံနိုင်ရည်ရှိအောင်ကြိုးစားပါကလေး ~
~ လူကြီးက ကျွန်တော်မပိုင်ဆိုင်နိုင်တဲ့ လမင်းကြီးဆိုရင်တောင် လက်ခုပ်ထဲကိုရေဖြည့်ပြီး လူကြီးရဲ့အရိပ်ကိုတော့ ဖမ်းထားချင်သေးတယ်...~
လပြည့်
လူကြီးရေ ကယ်ပါအုံး ကျွန်တော်အရမ်းကြောက်နေပြီ ဒီလူတွေကကျွန်တော့်ကို သေလောက်အောင်ချုပ်ထားကြတယ်ရဲသွေးနောင်
ကိုယ်လာနေပြီကလေး အားတင်းထားပါ စောင့်နေနော်..ရဲသွေးတစ်ယောက် သူ့ရဲ့သူငယ်ချင်းမန်နေဂျာဆီ အပြေးအလွှားသွားပြီး အကူအညီတောင်းခဲ့တယ် သူ့ချစ်သူကောင်လေးအတွက်ပေါ့..
" သူငယ်ချင်း ငါ့ကိုတစ်ခုလောက်ကူညီ စမ်းပါ မင်းကအရင်ကရဲဌာနမှာ အလုပ်လုပ်ဖူးတော့လေ ဖုန်းနံပါတ်တည်နေရာလေးရှာပေး စမ်းပါ မြန်မြန်လေးနော် ငါအရေးကြီးနေလို့ "
" ဟျောင့် မင်းဘာတွေဖြစ်နေတာလဲ ငါ့ကိုရှင်းပြအုံး "
" ဟိုဟာကွာ ငါ့ချစ်သူကို ပြန်ပေးဆွဲသွားတဲ့လူရှိတယ်ထင်လို့ လုပ်ပါကွာ ငါတောင်းဆိုပါတယ် "
" တည်နေရာကငါတောင်ရှာပေးလို့ရတယ် ဒါဆိုဒီလိုလုပ်ကွာ မင်းကတည်နေရာရပြီဆိုတာနဲ့ အဲ့နေရာကိုချက်ချင်းသွား ငါကအနောက်ကလိုက်ခဲ့မယ် ရဲတွေနဲ့ အိုကေလား "
" အေး ရတယ်ကွာ အမြန်ရှာပေး ဖုန်းနံပါတ်ပို့ထားတယ် ငါတော်တော်ပူလောင်နေပြီ "
" အေးပါကွာ........ရပြီ မင်းလိုက်သွားတော့သိပ်မဝေးဘူးကွ ငါတို့ဟိုတယ်ရဲ့ မျက်စောင်းထိုးမှာ အိမ်ပျက်ကြီးတစ်ခုရှိတယ် အဲ့မှာကအသံအရမ်းလုံတာ အဲ့ကိုတစ်ချက်သွားကြည့် သတိတော့ထားနော် "
" ငါကဝေးလားလို့ကွာ နီးနီးလေး ငါလိုက်သွားမယ် "
ရဲသွေးနောင်
ကလေးရေ ကိုယ်လာပြီနော်.....
.........
ကားနောက်ခန်းအတွင်းမှ