My Life and My Hero(part-14)
❤ ကလေး ပန်းလေးတွေမှာ အချစ်နဲ့ပတ်သက်တဲ့ အဓိပ္ပါယ်ကိုယ်စီရှိကြတယ် အဲ့လိုပဲ ကိုယ့်အချစ်ကမင်းမို့လို့ မင်းကိုပန်းကလေးတွေနဲ့တင်စားပါရစေလား ❤
❤သာယာတဲ့ မနက်ခင်းကို လူကြီးနဲ့ပဲအမြဲတမ်းနိုးထချင်တယ် တစ်သက်လုံး.....❤
......." လူကြီးရေ လူကြီး.... ထအုံး ဒီနေ့ကြေညာပွဲရှိတယ်လေ သူများတွေ အကုန်အဆင်သင့်ဖြစ်နေပြီ သွားရတော့မယ် ထအုံး "
" ဘာ ဘယ်နှစ်နာရီလဲ လူတွေရောက်နေပြီလား "
" အင်း ရောက်နေပြီ ကျွန်တော်တို့နှစ်ယောက်ပဲ ကျန်တော့တယ် မြန်မြန်ထ "
" အင်းအင်း ကလေး ကိုယ့်အတွက် သင့်တော်မယ့်အဝတ်အစားတွေထုတ်ပေးထား ရေမြန်မြန်ချိုးပြီးပြန်လာမယ် "
" ဟုတ် "
လပြည့်
ကျွန်တော် သူ့ရှေ့မှာမရီမိအောင်ထိန်းနေရတယ် အမှန်ဆို အခုမှ ၇နာရီပဲရှိသေးတယ် ဆေးကြေညာပွဲက ၉နာရီမှလေ
သူ့ကိုစောစောထအောင်လို့ စလိုက်တာ တကယ်နာရီတောင်မကြည့်ဘူး ကျွန်တော်ပြောတာယုံသွားတယ် ဒါနဲ့ကျွန်တော်လည်းရေမချိုးရသေးဘူးကောင်လေးကတော့ သူ့လူကြီးအတွက် အဝတ်အစားတွေထုတ်ပြီး စောင့်နေလေရဲ့ တစ်ဖက်က ရေချိုးခန်းထဲမှထွက်လာတဲ့ လူကြီးကြောင့် ကောင်လေးအရှက်နဲနဲပိုရသည်မဟုတ်ပါလား
ဘာလို့ဆို လူကြီးရဲ့ခန္ဓာကိုယ်အချိုးအစားကို သူခိုးကြည့်လိုက်ခြင်းကြောင့်ပင်" ကလေး နောက်ကျနေတာကို အဝတ်အစားမြန်မြန်လဲလေ "
" ဟိုလေ မနောက်ကျဘူးသိလား ဟီး "
" ဟမ် မနောက်ကျဘူးလား!!"
ရဲသွေးနောင်
ကျွန်တော့်ကလေးရဲ့ ရုပ်ကစပ်ဖြီးဖြီးနဲ့ ကျွန်တော့်ကိုစနေသလို ပုံစံရှိတာကြောင့် ပြာပြာသလဲ နံရံကနာရီကို ကြည့်မိတယ် အလိုလေး... အခုမှ၇နာရီ၁၅ပဲရှိသေးတာပဲ"ဟာ ကလေးစုတ် ကိုယ့်ကို စတယ်ပေါ့လေ လာတွေ့မယ်
ကလိထိုးပြမယ် "" လူကြီး လက်လွန်မယ်နော် မလုပ်နဲ့ ကျွန်တော်ယားတတ်တယ် အော်မှာနော် အနားမလာနဲ့ "