My life and My hero(part-3)
Zawgyi
လပြည့်
မနေ့က မယ်လိုဒီဆိုတဲ့ အမျိုးသမီးကြောင့် ကျွန်တော့် လည်ချောင်းထဲမှာတစ်ခုခု တစ်နေသလိုပဲ စိတ်ဘဝင်မကျဘူး
အဲ့ဒါက သဝန်တိုနေတာလား မနာလိုနေတာလား
ဒီခံစားချက်တွေက အချစ်လို့ခေါင်းစဉ်တပ်ဖို့စောအုံးမယ်ထင်တယ် ဘာလို့ဆို ကျွန်တော်တို့က မနေ့ကမှတွေ့တာလေရဲသွေး
အရင်ကလေ မယ်လိုဒီ ကုမ္ပဏ်ီကိုလာရင် စိတ်ကသိကအောက်ဖြစ်တာကလွဲပြီး ကျန်တာမဖြစ်ဖူးဘူး
အခုကျတော့ မယ်လိုဒီ ကိုလက်ကဆွဲပြီး အပြင်ကိုခေါ်ထုတ်ပြီး နောက်မလာနဲ့တော့လို့ပြောချင်လိုက်တာလပြည့် ဆိုတဲ့ကောင်လေးအကြောင်းကို ကြားထဲကတွေ့ချင်နေတာ သနားတာကလွဲပြီးတော့ပေါ့
အခုအခြေအနေကတော့ဗျာ ပြောရမှာရီစရာပဲ ကျွန်တော်ချစ်ရမယ့်သူတွေ့နေပြီထင်တယ်ဒါနဲ့ကျွန်တော့်မှာ အချစ်ရေးအချစ်ရာ ကျွမ်းတဲ့သူငယ်ချင်းတစ်ယောက်ရှိတယ် သူ့နာမည်က " စွမ်းထက် " တဲ့
သူ့ကိုကျွန်တော် တိုင်ပင်ရတော့မယ်နဲ့တူတယ် အဲ့ဒါနဲ့ ကျွန်တော်အလုပ်ကနေမပြန်ခင် ဖုန်းခေါ်လိုက်တယ်"ဟလို စွမ်းထက်လား "
" အေး ဘာလဲ ဖုန်းမဆက်စဖူး ဖုန်းဆက်လို့ပါလား "
" အေး ငါပြောစရာရှိလို့ပါကွာ မင်းအားတယ်မလားအခု "
" အမလေး ငါကအမြဲအားတယ် ဘာပြောစရာရှိလဲသာပြောလိုက် "
" အချစ် အဲ ဟုတ်တယ် ငါချစ်နေမိလားလို့ ဟဲဟဲ မင်းကအဲ့လိုကိစ္စကျွမ်းတော့လေ မေးကြည့်မလို့ "
" ဟားဟား ငါပြောချင်နေတာနဲ့အတော်ပဲ ငါ့ဦးလေးကော်ဖီဆိုင်လာခဲ့ ငါစောင့်နေမယ် "
" အေးကွာ အာ့ဆို ဒါပဲ "
" အေး အေး "
လပြည့်
မနေ့ကညနေ ကျွန်တော်အိမ်ပြန်ရောက်ကထဲက အမေချောင်းအရမ်းဆိုးနေတယ် အဆက်မပြတ်ပဲ ရောဂါတစ်ခုခုများဖြစ်နေလားဆိုတာမသေချာတာနဲ့ အမေ့ကိုဆေးရုံကိုသွားဖို့ခေါ်တယ်