Zawgyi
My Life and My Hero (part-10)
လပြည့်
ကျွန်တော်တို့လေဆိပ်ကို ရောက်နှင့်ကြပီ မယ်လိုဒီဆိုတဲ့အမကြီးကိုစောင့်နေကြတယ် ခုနကားပေါ်ကကိစ္စကြောင့် ကျွန်တော်အရမ်းရှက်နေတာ စကားတောင်မပြောနိုင်တော့ဘူး အရမ်းရှက်တယ်ရဲသွေးနောင်
မယ်လိုဒီ သာလာခဲ့ရင် ငါကလေးလေးနဲ့ဘယ်လိုအတူနေရတော့မှာလဲ သူကအရှုပ်ထုတ်ပဲ အခုလည်းမလာသေးဘူး မလာဘူးဆိုဘယ်လောက်ကောင်းလိုက်မလဲ" ကလေးလေး "
"ဟင် ဟိုဟာ အဲ့လိုကြီးမခေါ်နဲ့လေ ဟိုအမကြီးကလာတော့မှာကို "
" ဘယ်လိုလုပ်မလဲ ကိုယ်ကအချိန်ပြည့်ခေါ်ချင်နေတာ ကလေးလေးဆိုပြီး "
" ကျစ် အလုပ်ချိန်ကြီးမှာတော့မခေါ်နဲ့ပေါ့ အခုတော့ပါးစပ်ကလေးအငြိမ်နေ "
" ဟုတ်ပါပြီဗျာ ကလေးလေးရဲ့ "
ရဲသွေးနောင်
ထိုစဉ် မယ်လိုဒီရောက်လာခဲ့တယ် ဝတ်ထားတာကတော့ထုံးစံအတိုင်း ရင်ဟိုက်နေပြီး ပေါင်တိုစကတ်နဲ့ပေါ့
ဒါပေမယ့် ကျွန်တော့်မျက်လုံးထဲမှာ လပြည့်လေးသာအလှဆုံး အချောဆုံး ချစ်ဖို့အကောင်းဆုံးပဲလပြည့်
ကျွန်တော်တို့စကားပြောနေတဲ့အချိန် ဟိုအမကြီးရောက်လာပြီးမေးလိုက်တဲ့စကားက ကျွန်တော်ဘာဖြေရမှန်းတောင်မသိဖြစ်သွားတယ်" ဘယ်တေ ကလေးလေးနေတာလဲ ပြောပါအုံး လက်ထောက်လေးဘယ်က ကလေးလဲ "
"အာ အမဘာမှမဟုတ်ပါဘူး သူဌေးနဲ့စနေကြတာပါ "
" အော် သူဌေးနဲ့ လက်ထောက်နဲ့ကတီတီတာတာတွေ ပြောကြတဲ့ဆက်ဆံရေးလား အဲ့လောက်တောင်ရင်းနှီးတာလား "
" အဟမ်း မယ်လိုဒီ ကျွန်တော်ကြည့်နေတာ အကောင်းအောက်မေ့မနေပါနဲ့ ကျွန်တော်ကသူ့ကို ကလေးလေးလို့ခေါ်တာရှင်းပြီလား ကလေးလေးလိုချစ်စရာကောင်းလို့ ဟားဟားး"
လပြည့်
ဘယ်လိုတောင်သူဌေးကပြောချလိုက်တာလဲ ဒဲ့ကြီးပါလား ရှက်လိုက်တာ မနည်းပြန်ပြောရမယ်"သူဌေးက အမကိုစနေတာပါ ကလေးဆိုတာ ဟိုဟာကျွန်တော်တို့ဘေးအိမ်က ကလေးအကြောင်းပြောနေကြတာပါ "