My Life and My Hero(part-12)

221 28 3
                                    

My Life and My Hero (part-12)

❤ လူတွေကပြောကြတယ် သမုဒ္ဒရာကြီးကအရမ်းနက်တယ်တဲ့ မဟုတ်ဘူး ကျွန်တော့်အတွက်တော့ လူကြီးရဲ့မျက်ဝန်းတွေကပိုနက်တယ် ဘာလို့ဆို လူကြီးရဲ့အကြည့်အောက်မှာကျွန်တော်နှစ်မြုပ်နေပြီ​လေ...❤

❤ ကလေး သက်တံ့ကိုမြင်ဖူးလား သူကလှပတဲ့ ​​ရောင်စဉ်ခုနှစ်မျိုးနဲ့အစအဆုံးမရှိဘူး​လေ မင်းသိလားကလေး ကိုယ်မင်းကိုချစ်တဲ့အချစ်တွေက သက်တံ့လိုပဲ အစအဆုံးမရှိတဲ့အချစ်တွေနဲ့ မင်းကျေနပ်လောက်တဲ့ ရောင်စဉ်တွေကိုပေးမယ်....❤

လပြည့်
လူကြီးရဲ့ အနမ်းတွေကတဖြည်းဖြည်းပိုနက်လာတယ် အသက်ရှူသံတွေပါကြားနေရတယ် ဘယ်လောက်ထိပြုစားအုံးမှာလဲဗျာ

ရဲသွေးနောင်
မင်းရဲ့မို့တက်နေတဲ့ ပါးလေးတွေက ကိုယ့်ကိုနမ်းချင်အောင်တွန်းအားပေးနေတယ် ကိုယ်မရပ်တန့်နိုင်တော့ဘူး

" လူကြီး ဖယ်တော့လေဗျာ တစ်ခါကလည်းကြာလိုက်တာ ကျွန်တော့်ပါးတွေနီလာပြီ "

ကျွန်တော်ပြောလိုက်တော့မှ လူကြီးကလွှတ်ပေးပြီး ဝိုင်းစက်နေတဲ့အကြည့်တွေနဲ့ကြည့်တယ်

" ကလေး မင်းကိုအရမ်းချစ်တယ် ဘာအကြောင်းကိစ္စရှိရှိကိုယ့်ကိုမထားသွားပါနဲ့နော် "

" မထားသွားပါဘူး လူကြီးကလဲ ဒီကလဲလူကြီးကိုအရမ်းချစ်တယ် လူကြီးသာဟိုအမနဲ့..."

ရဲသွေးနောင်
ဘယ်လိုတောင်ကျွန်တော့်အသဲတွေကိုခြွေယူနေတဲ့ ကလေးပေါက်စလေးလဲ သူကကျွန်တော့်ကိုပြန်ပြီးစိတ်မချဖြစ်နေသေးတယ်

" ဘာလဲ ကလေးကကိုယ့်ကိုမယုံဘူးလား "

" အဲ့လိုတော့မဟုတ်ပါဘူး ဒီတိုင်း.... လူကြီးစိတ်ပြောင်းသွားမှာကြောက်တယ် "

" ဟာကွာ သူကချစ်ဖို့ကောင်းနေလို့စိတ်မချပါဘူးဆို ကိုယ့်ကိုပြန်ပြီး စိတ်မချဖြစ်နေတယ် "

" ...... "

" နေပါအံုး မရှင်းတာရှိသေးတယ် ဘာလို့ကိုယ့်ကိုလူကြီးလို့ခေါ်တာလဲ "

" ကျွန်တော့်ထက်အသက်ကြီးတယ်လေ ကျွန်တော်က၁၈ လူကြီးက ၂၇ လေအများကြီးကွာတာကို "

My Life and My HeroOù les histoires vivent. Découvrez maintenant