My Life and My Hero(part-5)

402 34 2
                                    

Zawgyi

My life and My hero(part-5)

လပြည့်

သူဌေးမနေ့က ကျွန်တော့်ကိုစိတ်ဆိုးသွားတာ အခုချိန်ထိ စကားပြန်မ‌ပြောသေးဘူး ကျွန်တော်စကား‌ပြောရင်လဲ ဘုနဲ့ဘောက်နဲ့ ပြန်ပြောတယ်

် ဥပမာ ကော်ဖီဖျော်ပေးရမလားဆိုရင် ရတယ်မလိုဘူး ဆိုပြီးပြောတာ အရမ်းစိတ်မကောင်းဖြစ်တာပဲ ကျွန်တော်ကသူတစ်ပါးဆီကအကူညီကို မျက်ရည်ခံပြီး တောင်းတယ်လို့ အလုပ်ကလူတွေထင်မှာ ကျွန်တော်မလိုချင်ဘူး
တောင်းပန်ပါတယ်သူဌေးရယ်

ရဲသွေးနောင်

ကျွန်တော်စိတ်မကောင်းဖြစ်တယ် မနေ့ကကိစ္စကို ကျွန်တော်ကစေတနာနဲ့ ကူညီမယ်‌ပြောတာလေ သူကကျွန်တော့်ကိုမလိုဘူးတဲ့ ငြင်းခံလိုက်ရတယ်

ဒါလေးငြင်းခံနေရတာတောင် ကျွန်တော်ဒေါသထွက်နေရင် သူ့ဆီကချစ်ခွင့်ပန်လို့ငြင်းခံလိုက်ရရင် ဘယ်လောက်တောင်ဒေါသထွက်လိုက်မလဲ

" ဟလို စွမ်းထက် မင်းအားလား "
"......"
" အားရင် ခဏ လာပါအုံးကွာ ငါ‌ပြောစရာရှိလို့ "
"....."
" အေး ကျေးဇူးပဲကွာ စောင့်နေမယ် "

.........

" ဟျောင့် စွမ်းထက် လာပါအုံးကွာ ငါပြောစရာရှိလို့ "

" အေး ပြောကွာ ငါနားထောင်ပေးမယ် မင်းကြည့်ရတာ အချစ်ပူမိနေသလိုပဲ ဟားဟားး"

" မလှောင်နဲ့ကွာ ငါလေငါ့ကောင်လေးကို တစ်နေ့လုံးစကားမ‌ပြောဘူး "

" ဘာ မင်းပဲ စိတ်ဝင်စားတယ်ဆို အခုဟာကသူဘာအမှားလုပ်လို့လဲ "

" ငါ ငါဒေါသထွက်တာ လွန်သွားတာဖြစ်မယ် မနေ့ကလေ............... အဲ့ဒါပဲကွာ "

" ဟာ မင်းကလဲ သူကမင်းဆီက အကူအညီကို မယူချင်ပဲနေပါ့မလား သူ့မှာလည်းအခက်အခဲရှိလို့နေမှာပေါ့ ပီးတော့ သူကအကူအညီလိုချင်လို့မင်းရှေ့မှာ ငိုပြတယ်လို့ မင်းထင်သွားမှာလဲ စိုးရိမ်လို့နေမှာပေါ့ကွ   ဟူးးမောလိုက်တာ "

" ဟုတ်သားပဲ သူ့ဘက်ကကြည့်တော့လည်း ဟုတ်တယ်
သူသနားပါတယ်ကွာ ငါ့ကိုစကားလာ‌ပြောရင် ငါကဘုနဲ့ပြန်‌ပြောတာ ငါဘာလုပ်ရင်ကောင်းမလဲဟျောင့် "

My Life and My HeroWhere stories live. Discover now