Zawgyi
My Life and My Hero(part-27)
ကြမ်းပြင်မှာ ဝိုင်ခွက်တွေလည်းကွဲကြေလို့......
သွေးရင်းဆိုတဲ့အဖေတစ်ယောက်လုံးရှိနေပေမယ့် သူစိမ်းတွေကြားထဲမှာ အရိုက်ခံထားရသောခွေးတစ်ကောင်လိုပင်။ နားထဲသို့လည်း မကြားဝံ့မနာသာဆဲဆိုသံများလည်း ဝင်ရောက်လာသည်။" ဒီမှာ ရဲသွေးနောင်။ မင်းကိုငါ....ဟူး.....ဒီကဦးလူအေး ကျွန်တော်အများကြီးတောင်းပန်ပါတယ်။ ပြီးတော့သမီးမယ်လိုဒီကိုရော....ဦးတကယ်တောင်းပန်ပါတယ်။ သူ့ကိုဆုံးမဖို့အချိန်တစ်ခုပေးပါ။ သူလက်ခံလာအောင် လုပ်ပေးပါ့မယ်။ "
ဦးလူအေးနဲ့မယ်လိုဒီတို့သားအဖနှစ်ယောက်ကို ဘယ်လောက်ကြောက်နေမလဲဆိုတာ အမူအရာကိုကြည့်ခြင်းဖြင့်သိနိုင်သည်။ လက်အုပ်ချီမတတ်တောင်းပန်နေသောအဖေကိုလည်း ရဲသွေးပြန်မော့ကြည့်ပြီး နှုတ်ခမ်းဘေးမှသွေးတစ်စကိုသုတ်ပြစ်လိုက်သည်။
" အဲ့လောက်ထိလည်းတောင်းပန်ဖို့မလိုပါဘူး။ ကျွန်တော့်သမီးက ခဗျားသားကိုငယ်ငယ်လေးထဲက သဘောကျနေတယ်ဆိုတာ ခဗျားသိပါတယ်နော်။ သမီးရှင်အနေနဲ့ပြောရတာ ရှက်ပေမယ့် ကျွန်တော့်ရဲ့သနားစရာသမီးလေးက ရဲသွေးကိုတကယ်သဘောကျနေတာ။ ဆိုတော့....ခဗျားသားကိုလက်ခံနိုင်အောင်ပြောလိမ့်မယ်လို့ကျွန်တော်ယူဆတယ်။ မပြောနိုင်ရင်တော့.....ခဗျားသိပါတယ်။"
" သိပါတယ်။သိပါတယ်။ ကျွန်တော်ရအောင်ပြောပါ့မယ်။"
" ဟုတ်ပြီ။ ကျွန်တော်တို့အခုပြန်မယ်။ "
" ဟုတ်ကဲ့"
သမီးရှင်အနေနဲ့ ရှက်စရာကောင်းတယ့်ကိစ္စဖြစ်ခဲ့သည်မို့ ဦးလူအေးကျေတော့မကျေနပ်နိုင်ပေ။ သို့သော် အခင်အမင်မပျက်စေဖို့ အံကြိတ်၍သာ ဒေါသကိုဖြေလိုက်ပြီး မယ်လိုဒီနဲ့အတူ အခန်းထဲမှထွက်ခွာသွားသည်။
မယ်လိုဒီမသွားခင် ရဲသွေး၏လက်ကိုနင်းပြီး မဲ့ပြုံးတစ်ချက်လောက်ပေးသွားသေးသည်။ ရဲသွေးဘာမှမလုပ်နိုင်ပေ။ ဆွေမျိုးဆိုလို့အဖေတစ်ယောက်သာရှိတော့သည်မို့ ရဲသွေးစိတ်တိုင်းကျဆုံးဖြတ်လို့မရနိုင်ပေ။ အခုဆို အခန်းထဲတွင် ရဲသွေးနှင့်သူ၏အဖေသာရှိပေတော့သည်။