My Life and My Hero(part-6)

358 37 1
                                    

Zawgyi

My life and My hero (part-6)

❤ငါစားဖူးသမျှ အစားအစာထဲမှာ မင်းနှုတ်ခမ်းကအချိုဆုံးပဲ လပြည့် မင်းနှုတ်ခမ်းကိုဂျယ်လီနဲ့ ယှဉ်ခိုင်းပါရစေ❤

❤ခဗျားကြီးက လူကိုအရမ်းပြုစားလွန်းတာပဲ ကျွန်တော့်နှလုံးခုန်သံကို ခဗျားမကြားရပါစေနဲ့❤

လပြည့်
ကျွန်တော် ခုနက အဖြစ်အပျက်ကို မယုံနိုင်သေးဘူး သူကကျွန်တော့်ကို ချစ်ခွင့်ပန်တယ်တဲ့လေ

ရဲသွေးနောင်
ကျွန်တော်လုပ်မိလုပ်ရာ လုပ်လိုက်မိတယ် အမှန်ဆိုသူ့ကိုခွင့်တောင်းရမှာလေ ကျွန်တော်စိတ်မထိန်းနိုင်ဖြစ်သွားတယ်

" ဟို လပြည့် ကိုယ် တောင်းပန်ပါတယ် ဟို မင်းက အရမ်း ချစ်ဖို့ကောင်းနေလို့ "

" ဗျာ ချစ်ဖို့ကောင်းတယ် ဟုတ်လား"

လပြည့်
ရှက်လို့ သေတော့မှာပဲ ကျွန်တော့် မျက်နှာတွေပူလောင်နေပြီ

" ဟိုလေ မင်းကိုယ်‌ပြောတာကို စဉ်းစားပေးနိုင်မလား "

" ကျွန်တော့် ခါးကလက်ကို အရင် လွှတ်ပေးပါလား "

" အော် တောင်းပန်ပါတယ် "

" ကျွန်တော် တောင်းပန်ပါတယ် သူဌေး ချစ်ခွင့်ပန်ဖို့ ကျွန်တော်ကမသင့်တော်ပါဘူး ဘာလို့ဆို ကျွန်တော်ကယောက်ကျားလေးလေ "

" ယောက်ကျားလေး အချင်းချင်း မချစ်ရဘူးလို့ဘယ်သူကပြောလို့လဲ "

" အဲ့အကြောင်းတစ်ခုထဲမဟုတ်ပါဘူး သူဌေးကိုလူတွေဝိုင်းနှိမ်ကြမှာဆိုးလို့ ပြီးတော့စီးပွားရေးပါထိခိုက်နိုင်တယ် သူဌေးရဲ့ အဲ့ဒါကြောင့် ဟို"

လပြည့်
ကျွန်တော်စကားဆက်မ‌ပြောခင် ကျွန်တော့်နှုတ်ခမ်းကို လက်မနဲ့ဖွဖွလေး ဖိပြီးဟန့်တားလိုက်တယ်  ကျွန်တော်စိတ်တွေမီးလောင်နေပြီ

" လပြည့် "

" ဗျာ "

" ကိုယ့်မှာလေ အခုဆို အရာအားလုံးပြည့်စုံနေပြီ တစ်ခုပဲ
တစ်ခုပဲမပြည့်စုံသေးတာ အဲ့ဒါကအချစ် ကိုယ့်ဘဝမှာအချစ်ဦးမရှိသေးဘူး"

My Life and My HeroWhere stories live. Discover now