My Life and My Hero(part-4)

481 44 1
                                    

Zawgyi

My life and My hero(part-4)

လပြည့်

သူငါ့ကိုဘာလို့‌ ပြူး‌ကြောင်‌ကြောင်နဲ့ ကြည့်နေတာလဲ
ရုတ်တရက်တွေ့လိုက်လို့‌ နေမှာပါ
ငါကသူ့လက်ထောက်ဆိုတော့ စကားအရင်‌ပြောရမယ်ထင်
တယ်

ရဲသွေးနောင်

ငါဘာလို့လဲ သူကယောက်ကျားလေးဆိုတာကိုမေ့နေတာလား မျက်တောင် တောင်မခတ်နိုင်တော့ဘူးလပြည့်‌‌ရေ ဘေးကသူ့အမေထင်တယ် စကားသွား‌ပြောအုံးမှပဲ

" သူဌေး " " လပြည့် " ( ပြိုင်တူခေါ်မိသွားတာပါ)

" အာ သူဌေးဒီကိုဘာကိစ္စနဲ့လဲ နေမကောင်းလို့လား "

" မဟုတ်ပါဘူးကွာ သူငယ်ချင်းရဲ့ အမေ မူးလဲလို့ လိုက်လာတာ မင်းကရော"

" ကျွန်တော်က အမေ့ကိုလာပို့တာ ချောင်းအရမ်းဆိုးနေလို့လေ "

" အော် သွားလေ ငါပါလိုက်မယ် "

" သူဌေးက ဘာလိုက်လုပ်မလို့လဲ "

" အာ ဒီတိုင်း . အိမ်မပြန်ချင်သေးလို့ မင်းကိုလည်း‌ပြောစရာရှိလို့ "

" အော် ခဏ နော်သူဌေး အမေ့ကို သွားပြလိုက်အုံးမယ် အမေလာ"

ရဲသွေးနောင်

စကား‌ပြောတာလေးက ယဉ်ကျေးလိုက်တာ ဒါနဲ့ငါသူ့ကိုဘာ‌ပြောစရာရှိလို့လဲ ဘာအ‌ကြောင်းပြရင်ကောင်းမလဲ
အာ ဟုတ်ပီ ညစာကျွေးချင်လို့ လို့‌ပြောရမယ်

လပြည့်

ကျွန်တော့်ဘဝ မှာလေပြည့်စုံဖူးတာရယ်ဆိုလို့ဘာမှမရှိသေးဘူး ဒါပေမယ့် ကျွန်တော့်မှာ အမေရှိတဲ့အတွက် ဘာမှမလိုအပ်ဘူး

ဆရာဝန်က‌ပြောတယ် အဆုတ်မကောင်းဘူးတဲ့ ဆေးရုံတတ်ရမယ်ဆိုပဲ အမေ့ကိုတောင်ဆူလိုက်သေးတယ် ချောင်းဆိုးနေတာ ကြာနေပီကို မ‌ပြောဘူး

ပီးတော့ ဆေးရုံတတ်ရင်ပိုက်ဆံကုန်မှာ ဘယ်လိုလုပ်ရပါ့မလဲ ပိုက်ဆံချေးမယ့်သူငယ်ချင်းကလဲမရှိဘူး
အဲ့ဒါနဲ့ ကျွန်တော်ဆုံဖြတ်လိုက်တာက သူဌေးဆီကလစာကြိုထုတ်ရမယ် သူဌေးနားလည်မှာပါလေ

ကျွန်တော်ဆေးရုံကထွက်လာတော့ အပေါက်ဝမှာဟိုလူကြီး တကယ်မတ်တပ်ရပ်စောင့်နေတာ အခွင့်အရေးရတုန်းလစာကြိုထုတ်ဖို့‌ပြောရအုံးမယ်

My Life and My HeroWhere stories live. Discover now