My Life and My Hero(part-18)

232 21 4
                                    

Zawgyi

My Life and My Hero(part-18)

~ အချစ်စစ်ဟာ ဘယ်တော့မှဖြောင်းဖြူးမနေဘူးတဲ့ က​လေးရဲ့ ဒါပေမယ့် ကိုယ်တို့ ဖြောင်းဖြူးအောင်ကြိုးစားလို့ရတယ်မလား..... ~

~ ကျွန်တော့်အတွက် အချစ်ဆိုတာ လူကြီးပဲ အချစ်ကိုချစ်နေဖို့ပဲလိုတာမလား..... ~

ကျယ်ဝန်းလှပတဲ့ ခြံဝန်းလေးက ဘယ်လိုကြည့်ကြည့် နေချင်စရာလေး ဆေးအပြာရောင်သုတ်ထားတဲ့ ဒန်းလေးရယ် ....ဧည့်ခန်းထောင့်က ကျားပုံသစ်သားရုပ်ထုကြီးရယ်
အလင်းရောင်မှိန်မှိန်မီးဆိုင်းလေးရယ် ပြည့်စုံလိုက်တာ....လူကြီးလိုပဲ

" ဟျောင့် တေဇ ဒါငါ့အိမ်ပဲ ငါကအဖေနဲ့အတူမနေဘူး ကုမ္ပဏီနဲ့ဝေး လို့လေ "

" အော် အဲ့ဒါကြောင့်မို့ မင်းကဘာလို့မင်းအဖေနဲ့ အတူမနေတာလဲစဉ်းစားနေတာ "

" အေး မင်းငါ့အိမ်မှာဘယ်လောက်နေမှာလဲ "

" ပြောလို့တော့မရဘူး နေချင်သလောက်နေမယ်ကွာ ငါအားနေတာနဲ့မင်းကိုသတိရလို့ လာလိုက်တာ "

" အော် အေးပါ လိုတာရှိရင်ငါ့ကိုပြော ကြိုက်တာယူသုံး..... ဒါနဲ့ လပြည့်ရေ ကိုယ်မင်းအိမ်လိုက်ပို့​ပေးမယ်နော် "

" ဟင့်အင်း ရတယ်သူဌေး ကျွန်တော့်ဘာသာပြန်လိုက်တော့မယ် သူဌေးနားတော့နော် ဟိုအကိုလည်း နားလိုက်အုံး ပြန်ပြီနော် "

" တစ်ယောက်တည်းရလို့လား လပြည့်ရဲ့ "

" ရတယ် ကျွန်တော်ပြန်နေကျပဲဟာ သွားပီနော် သူဌေး "

" အင်း အဲ့ဒါဆိုလည်း ညနေမင်းအိမ်လာလည်မယ် စောင့်နေ "

လူကြီး ရုပ်ကဘယ်လိုကြီးမှန်းမသိဘူး ပြုံးစိစိနဲ့ ဟိုအကိုသိသွားလို့မဖြစ်ဘူး ဟန်ဆောင်ရတာ ပင်ပန်းလိုက်တာ

" ဟုတ်ကဲ့ "

ဟူးးး လိုက်ပို့ပါမယ်ဆို အဆိုးလေး ဧည့်သည်ပါနေလို့လိုက်မပို့ခိုင်းတာနေမယ်

လပြည့်ရဲ့ လှပတဲ့နောက်ကြောလေးကို ရဲသွေး ခြံဝအဆုံးထိကြည့်နေမိတယ်...ခွဲရမယ်ဆိုတဲ့ခံစားချက်ဝင်လာရင် ဝမ်းနည်းမိတယ်..

My Life and My HeroUnde poveștirile trăiesc. Descoperă acum