My Life and My Hero(part-20)
~ မင်းကဓားပေါ်ကပျားရည်စက်လေးဆိုရင်တောင် မင်းကိုပိုင်ဆိုင်ဖို့ ဓားကိုကိုယ်ဖြတ်ကျော်မယ်ကလေး ~
~ ချစ်ရတာပင်ပန်းတယ်ဆိုတဲ့စကားကိုကြားဖူးလား အခုလူကြီးကိုချစ်ရတာပင်ပန်းနေပီ အပြင်လူတွေကြောင့်ပေါ့....~
" မယ်လိုဒီ နင်ဘာတွေလျောက်ပြောလိုက်တာလဲ ခုနကလပြည့်ကလည်းပြေးထွက်သွားတယ် ရဲသွေးကလည်းလပြည့်နောက်လိုက်သွားတယ်။..အော်လပြည့်နဲ့ရဲသွေးနဲ့က တွဲနေတာ နင်ကလိုက်ဖြတ်နေတာမလား "
" တေဇ ငါ့ကိုအဲ့လိုလာမပြောနဲ့ ဒါငါတို့ကိစ္စနင်နဲ့မပက်သတ်ဘူး ငါတို့လောင်းထားတာနင်နိုင်ရင်ရပီလေ ဘာကိစ္စငါ့ကိုအပစ်လာတင်နေတာလဲ "
" သူငယ်ချင်းအရင်းကြီးရဲ့ချစ်သူကို ပိုက်ဆံယူပြီး စနိုက်ရလောက်အောင်တော့ငါအောက်တန်းမကျဘူး ၊လပြည့်အပေါ်မှာဘာခံစားချက်မှလည်းမရှိဘူး ငါတို့လောင်းထားလို့သာအလိုက်သင့်လုပ်နေတာ၊ပီးတော့....ငါစကားကုန်အောင်ပြောမယ် နင်နဲ့လောင်းထားတာဖြတ်လိုက်ပီ နင့်ဆီကဘာမှလည်းမလိုချင်ဘူး "
" ရတယ်လေ ငါမပေးရပဲနဲ့ သူတို့အခုကွဲတော့မှာလေ ကျေနပ်တယ်သိလား နင့်ကိုခိုင်းတာမရလို့ငါ့ဘာသာလုပ်လိုက်တာ "
" အကြံပက်စက်တဲ့မိန်းမ နင်ငါသူယ်ချင်းမဟုတ်တော့ဘူး ထွက်သွားတော့ ငယ်ငယ်ကလိုဂေါက်နေတဲ့ဆိုက်ကိုမ "
" ဘာပြောတယ် "
" ဘာလဲ အနာပေါ်တုတ်ကျသွားလို့လား နင့်အပေါ်မကောင်းရင်နင်ကဖြတ်ဆီးတတ်တဲ့ရက်စက်တဲ့စိတ္တဇသမား သွားတော့ "
" အေးငါသွားမယ် ဒါပေမယ့်တစ်ခုပြောခဲ့မယ် တေဇ ငါဖျက်ဆီးမယ့်ဘဝတွေထဲမှာ နင့်နာမည်ကထိပ်ဆုံးပဲဆိုတာ "
" စေတနာမှန်ရင်ဒုက္ခမရောက်ဘူးဆိုတာငါယုံကြည်တယ် နင်သွား အခုချက်ချင်းထွက်သွား"
မယ်လိုဒီထွက်သွားမှ တေဇ ရင်ထဲကအပူလုံးကြီးကျသွားတော့သည။် နင်အရမ်းရက်စက်တယ်မယ်လိုဒီ
ငါမပြောဖြစ်ခဲ့တာက လပြည့် ကိုငါတကယ်ချစ်မိသွားတာ....ငါတောင်းပန်ပါတယ်ရဲသွေး