My Life and My Hero(part-9)

305 32 1
                                    

Unicode

My Life and My Hero (part-9)

လပြည့်
လာခေါ်မယ်ဆိုပြီးကြာလိုက်တာ မလာသေးဘူး ငါ့မွာ၄ ခွဲထဲကစောင့်နေတာကို ဟွန့် လာရင်တွေ့မယ်

ရဲသွေးနောင်
ဒီနေ့တော့ ရှိုးအပီအပြင်ထုတ်ရမယ် ဒါမှငါ့ကလေးလေးကြွေမှာ ဟားဟားး
ဒါပေမယ့်ကျွန်တော် ၁၅ မိနစ် နောက်ကျနေပြီ
နောက်ဆုံးတော့ရောက်တော့မယ်

လပြည့်
အမလေးရောက်လာပါပီ ဒီနေ့လူကြီးအရမ်းခန့်ချောကြီးဖြစ်နေပါလား ဟွန့်ငါကစောင့်နေရတာ သူကပြင်လာတာမှမပြောချင်ဘူး

" ဟိတ် ကလေးလေး ကိုယ်ရောက်ပြီ "

" မြင်တယ်လေ "

" ဟာ စကားပြောတာကြီးကလဲ "

" ဘာဖြစ်နေလို့လဲ "

" စောင့်နေတာ ကြာပီလား "

" မကြာသေးပါဘူး အခေါင်းမှာဖို့ပဲကျန်တော့မယ် "

" ကလေးလေးကလဲကွာ ၁၅ မိနစ်ပဲနောက်ကျတဲ့ဟာကို "

" ......"

" စိတ်မဆိုးနဲ့လေကွာ လာသွားမယ် အေမေရာ "

" အေမ မနိုးသေးဘူး အိပ်နေတယ် "

" အော် လာလေ လေယာဉ်သွားစောင့်မယ် "

" ဟိုအမကြီးရော "

" ဘယ်အမကြီးလဲ "

" မယ်လိုဒီဆိုတဲ့အမကြီးလေ အတိတ်မေ့နေပြီလား "

" သူကနောက်မှလာမှာလေ လာကိုယ်တို့အရင်သွားမယ် "

" အင်း "

ရဲသွေးနောင်
ကျွန်တော်တို့ပစ္စည်းတွေယူပြီး ကားနဲ့လေဆိပ်ကိုသွားကြတယ် လပြည့်ကကျွန်တော့်ကိုစကားတစ်လုံးမှမပြောဘူး သိနေပါပြီ စိတ်ကောက်နေတာ ချစ်သူဖြစ်တာမှ မေန့ကဟာကို ဒီနေ့ကျတော့စကားမပြောဘူး

လပြည့်
တကယ်တော့ကျွန်တော် စောင့်ရတာကြာလို့စိတ်ကောက်နေတာမဟုတ်ဘူး မနက်၅နာရီမှာ အလင်းရောင်ကလည်းမထွက်သေးဘူး

ကားပေါ်မှာအေးစိမ်စိမ့်နဲ့ ဘာစကားပြောရမှန်းတောင်မသိလို့ ပြီးတော့လူကြီးကဒီနေ့အရမ်းကြည့်ကောင်းနေတာ သူ့ကိုမကြည့်ရဲဘူး

My Life and My HeroWhere stories live. Discover now