My Life and My Hero(part-17)

258 16 6
                                    

My Life and My Hero (part-17)

~ ကောင်းကင်ကြီး ဘယ်လောက်ကျယ်ကြောင်း မပြောခင် မင်းလေးအတွက် ကိုယ်ရဲ့ရင်ခွင်မှာ နေရာဘယ်လောက်ရှိလဲဆိုတာပြောပြမယ် မင်းနားထောင်မယ်မလား ကလေး..~

~ ကျွန်တော် လူကြီးအပေါ်ထားတဲ့အချစ်တွေက သမုဒ္ဒရာထက်နက်တယ်ဆိုရင် ယုံနိုင်မလား.. ဖြစ်တည်မှုတွေအကြောင်းပြောရရင် မိုးလင်းသွားလိမ့်မယ် အဲ့ဒီအစား လူကြီးရဲ့ ရင်ခွင်ထဲပဲ ကလေးတစ်ယောက်လို ​နေချင်မိတယ် ~

" ပြောလေ ကျွန်တော်လက်ခံနိုင်လောက်တဲ့ဆင်ခြင်ကိုပြောပြ "

" ဟိုလေ ကိုယ်..အဲ့ဒါက "

" တော်ပါတော့ မကြားချင်တော့ဘူး သိပါတယ် ကျွန်တော့်လိုလူကိုဘယ်သူကချစ်မှာလဲ ကျွန်တော်မှားတာပါ "

" အဲ့လိုမဟုတ်ပါဘူးကွာ မပြောသင့်ဘူးထင်လို့ပါ ကလေးစိတ်မဆိုးပါနဲ့နော်"

" တော် ကျွန်တော့်အိပ်တော့မယ် စကားတစ်လုံးမှလာမပြောနဲ့ ပြောရင်ကျွန်တော်အလုပ်ချက်ချင်းထွက်မယ် "

" ....... "

အနားအတူနေပြီး စကားမပြောရတာကတကယ်နာကျင်ပါလား.... ကိုယ်တောင်းပန်ပါတယ်ကလေးရာ..

ညသန်းခေါင်းကျော်.. အခန်းကြီးကတိတ်ဆိတ်နေတယ် ရန်ဖြစ်ထားတဲ့ချစ်သူနှစ်ယောက်ရဲ့ အသက်ရှူသံက ပုံမှန်ထက်ပြင်းထန်နေတယ် ။ သူကိုယ်တိုင်ကစကားမပြောဖို့ ပြောထားပေမယ့် မနေနိုင်ဘူး ။

လပြည့်
ညဥ့်နက်နေပေမယ့် ကျွန်တော်အိပ်မပျော်ဘူး ကျွန်တော်များမှားသွားလားဆိုပြီးစိတ်ပူမိတယ် ကျွန်တော့်ရဲ့ကျောအနောက်ဘက်က ကျွန်တော့်လူကြီး ကောင်းကောင်းအိပ်ပျော်ရဲ့လားမသိဘူး ငိုနေသေးလား လူကြီးရယ်...

" ကျွန်တော် တောင်းပန်ပါတယ်လူကြီးရယ် လူကြီးဆီကဖြေရှင်းချက်ကို နားမထောင်ပေးနိုင်လို့ အမှန်ကတော့ကျွန်တော်လည်းပူလောင်နေတာပါ စကားမပြောပဲမနေနိုင်ပါဘူး သိလားလူကြီး"

နှစ်ခြိုက်စွာအိပ်ပျော်နေတဲ့ လူကြီးကိုဘာကြောင့်မှန်းမသိ စကားတွေသွားပြောနေမိတယ် ငါပြောတာကြားမှာလည်းမဟုတ်ပဲနဲ့.....

My Life and My HeroWhere stories live. Discover now