My Life and My Hero (part-7)
လပြည့်
ငါထင်တယ် ငါ့ဖုန်းယူကြည့်မိလို့ကတော့ ပြသနာတက်ပြီဆိုတာ ဘယ်လိုလုပ်ရပါ့မလဲ အရှက်တော့ကွဲပါပြီ" အဟမ်း လပြည့် ပြောလေ ဘာလို့ငါ့ပုံဖြစ်နေရတာလဲ "
" အဲ့ဒါကလေ ဟိုဟာ အမေ ဟုတ်တယ်အမေလေ သူ့သားရဲ့သူဌေးပုံကိုမမြင်ဖူးလို့ဆိုလို့ထားပေးထားတာ ပြီးတော့တစ်ခါပြယုံနဲ့မမှတ်မိဘူးလေ အဲ့ဒါကြောင့်အဲ့လို wallpaperထားလိုက်တာ အမေမေးရင်ပြလိုက်ယုံပဲလေ ဟဲဟဲ "
" မင်းအပိုတွေ လျောက်ပြောမနေနဲ့ မင်းအမေကငါ့ကို ဖုန်းနံပါတ်ပေးထားတယ် သူငါ့ကိုမမေ့ဘူးဆိုတာ ကျိန်းသေတယ်"
" ဟမ် အမေက သူ့ဖုန်းနံပါတ်သူဌေးကိုပေးထားတာလား
ဘယ်တုန်းကလဲ "" ပြန်မမေးနဲ့ ငါမေးတာဖြေ "
လပြည့်
ရှက်လိုက်တာ ရဲစစ် စစ်နေတော့တာပဲ ဘယ်လိုဟာကြီးလည်းမသိဘူး မနေ့ကတော့ လပြည့် လပြည့်နဲ့ အခုကျတော့မင်းနဲ့ငါနဲ့တဲ့ ဟွန့်
ဟုတ်ပီ ထွက်ပြေးမယ်" အဲ့ဒါကလေ မနက်စာကျွန်တော် ဘာမှမစားရသေးလို့ ထွက်စားလိုက်အုံးမယ် သွားပြီ သူဌေး "
ရဲသွေးနောင်
ဘယ်လိုဟာလေးလည်းမသိဘူး ရှက်နေတာမှလွန်ရော ပြီးတော့ မဖြေပဲထွက်ပြေးတယ် ဘယ်ရမလဲ အနောက်ကနေလှမ်းဆွဲလိုက်တာပေါ့" ဘယ်ပြေးမလို့လဲ လပြည့် ငါမေးတာဖြေသွားအုံး "
လပြည့်
ကျွန်တော်မြန်မြန်မပြေးလိုက်မိဘူး အခုသူ့လက်ကြီးနဲ့ ကျွန်တော့်ပခုံးကိုကိုင်ပြီး မေးနေတယ် ကျွန်တော်မဖြေတတ်တော့ဘူး" လပြည့် မင်းကို ငါဘာမှမလုပ်ပါဘူး ငါမေးတာလေးပဲဖြေပေးနော် ပြီးရင်သွားလို့ရတယ် "
" ......."
" ဖြေလေကွာ ဟာ ဘာလို့ငိုရတာလဲ ကိုယ်လည်းဘာမှမလုပ်ပဲနဲ့ "
လပြည့်
ကျွန်တော်ဘယ်အချိန်က မျက်ရည်တွေထွက်လာမှန်းတောင်မသိဘူး ဒါပေမယ့်သူဌေးကကျွန်တော့် မျက်ရည်တွေကိုလာသုတ်ပေးနေတယ် ဘာပဲဖြစ်ဖြစ်အမှန်တိုင်းဖြေလိုက်တော့မယ်