My Life and My Hero(part-15)

203 23 15
                                    

My Life and My Hero(part-15)

ပန်းအပေးခံရတဲ့ကောင်လေးတစ်ယောက်ရဲ့ ပျော်ရွှင်မှုကို ဘယ်သူသိနိုင်မှာလဲ သေချာတာကတော့ လပြည့် အပျော်လွန်ပြီး ငိုနေပြီ

" ဟာ ကလေး မငိုနဲ့လေကွာ ကိုယ့်အဖေက ကလေးနဲ့သဘောမတူလို့ငိုတာလား "

လပြည့်ဟာ မျက်ရည်စတွေအဆက်မပြတ်စီးရင်း ငိုသံလေးနဲ့
" ဟင့်အင်း ကျွန်တော့်ဘဝမှာအဲ့လို အဲ့လိုအချစ်မခံရဖူးလို့
ပြီးတော့ ကိုယ့်ကိုမွေးထားတဲ့အဖေအရင်းကတောင် ငြိုငြင်တာခံရတဲ့ သားတစ်ယောက် ..."

လပြည့်က ပြောလက်စစကားများ ပျောက်ဆုံးကာငိုရင်းပင်...
" ကလေးရယ် ကိုယ့်ဘဝကို အဲ့လောက်ထိမချိုးနှိမ်ထားသင့်ဘူး ကလေးကလူပဲလေ အချစ်ခံရမှာပေါ့ ဟုတ်တယ်မလား မငိုနဲ့နော် "

ရဲသွေးသည်သူ၏ချစ်မဝသော ကောင်လေးရဲ့ပါးဖောင်းဖောင်းလေးတွေပေါ်ကမျက်ရည်တွေကိုသုတ်ပေးရင်း ချော့နေလေတယ်

" လာ မငိုနဲ့တော့ ဆိုဖာပေါ် သွားထိုင် မုန့်ဝယ်လာတယ် "

" အင်း "

လပြည့်သည် ဆိုဖာပေါ်တွင် ချစ်စရာကလေးလေးလို ထိုင်နေလေသည်  ရဲသွေးကတော့ သူကောင်လေးအတွက်ဝယ်လာတဲ့ မုန့်တွေကို ပန်းကန်နဲ့ပြင်ပေးရင်း အလုပ်ရှုပ်နေလေရဲ့...

" ကလေးရေ ...ရပြီ လိမ်မာတယ် မငိုတော့ဘူးမလား "

မုန့်တွေပြင်ဆင်ပြီးတော့ ရဲသွေးကသူ့ကလေး နားကိုအနီးကပ်ဆုံး သွားထိုင်လိုက်တယ်

" အင်း..  ဟိုဟာလေ ပန်းလေးကအရမ်းလှတယ် နာမည်ကဘာလဲဟင် မမြင်ဖူးလို့ "

" အင်း ကိုယ်ပြောပြမယ် ပန်းလေးရဲ့နာမည်က lalic တဲ့ ကိုယ်တို့နိုင်ငံမှာမရှိဘူး "

" ဟမ် အာ့ဆို ဘယ်ကရတာလဲ "

" မြောက်အမေရိက မှာအရမ်းပေါတယ် အဲ့မှာကိုယ့်သူငယ်ချင်းတစ်ယောက်ရှိတော့ သူ့ကိုအကူအညီ တောင်းလိုက်တာ ပြီးတော့လေ ကလေးကိုအဲ့ဒီပန်း ပေးဖို့ဘာလို့ရွေးချယ်လိုက်လည်းသိလား "

" ဟင့်အင်း.. သိဘူး လူကြီးပြောပြလေ "

" lalic ခရမ်းဖျော့ရောင်ပန်းလေးရဲ့အဓိပ္ပါယ်က အချစ်ဦးတဲ့ ကလေးကကိုယ့်ရဲ့အချစ်ဦး မို့လို့ ဒီပန်းလေးကိုရွေးပြီးပေးတာ "

My Life and My HeroWhere stories live. Discover now